ကျိုင်းတုံမြို့နယ်ရှိ လယ်ယာမြေအခြားနည်းသုံးစွဲခွင့် ‌လျှောက်ထားမှုများ အမြန်ဆုံးရရှိလို ဟုဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Wednesday, April 22, 2026

ကျိုင်းတုံမြို့နယ်ရှိ လယ်ယာမြေအခြားနည်းသုံးစွဲခွင့် ‌လျှောက်ထားမှုများ အမြန်ဆုံးရရှိလို ဟုဆို

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ တောင်သူများ လျှောက်ထားခဲ့သည့် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် လျှောက်ထားခြင်းကို အမြန်ဆုံး အတည်ပြု ဆောင်ရွက်ပေးစေလိုသည်ဟု တောင်သူများထံက သိရသည်။

.

.

“ကျိုင်းတုံမြို့နယ်မှာ ၂၀၂၃ ခုနှစ်ကတည်းက မြေယာ အခြားနည်းသုံးစွဲခွင့် ရရှိရေးအတွက် လျှောက်ထားလွှာ တောင်သူ ၁၀ ဦးကို ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်မြေယာကော်မတီ အဆင့်ဆင့်ရဲ့ မြေပြင်ကွင်းဆင်းစိစစ် အတည်ပြု‌ပြီး ရှမ်းပြည်နယ် မြေယာကော်မတီ‌ကို တင်ပြထားခဲ့တာ ကြာပါပြီ။ အခုချိန်ထိ ခွင့်ပြုချက် မရသေးပါဘူး” ဟု တောင်သူတစ်ဦးက ပြောသည်။

.

မြေယာအခြားနည်းအသုံးပြုခွင့် လျှောက်ထားနိုင်သည့် မြေအမျိုးအစားမှာ ပုံစံ (၇) ရရှိထားသည့် ယာမြေနှင့် ဥယျာဉ်မြေ အမျိုးအစားတို့ ပါဝင်ပြီး ယင်းမြေပေါ်၌ ပြောင်းလဲအသုံးပြုလိုသည့် အကြောင်းအရာနှင့် ဆောင်ရွက်မည့် စီမံချက် အသေးစိတ်အချက်အလက်များကို တင်ပြလျှောက်ထားရခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ရပ်/ကျေး၊ မြို့နယ် မြေယာစိစစ်ရေးကော်မတီ အဆင့်ဆင့်၏ ထောက်ခံချက်နှင့် မြေယာ အခြားနည်းသုံးစွဲခွင့် လျှောက်ထားလိုသူ တောင်သူက ယင်းအခြားနည်းသုံးစွဲခွင့် လျှောက်ထားသည့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်သွားနိုင်သည့် ငွေကြေးပိုင်ဆိုင်မှု ဘဏ်အကောင့်ကိုပါ ပူးတွဲတင်ပြရကြောင်း သိရသည်။

.

တောင်ကြီးမြို့ရှိ ပြည်နယ်မြေယာ စိစစ်ကော်မတီထံသို့  ကျိုင်းတုံမြို့နယ်မှ ၂၀၂၃ ခုနှစ်က စတင်၍ မြေယာအခြားနည်းသုံးစွဲခွင့် လျှောက်ထားခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်လည်း အသစ်ထပ်မံ လျှောက်ထားသည့် တောင်သူများ ရှိသော်လည်း ထိုစဉ်က ခွင့်ပြုချက်မရရှိခဲ့သဖြင့် ယခုအစိုးရသစ် လက်ထက်တွင် ခွင့်ပြုပေးရန် တောင်သူများက လိုလားလျက်ရှိသည်။

.

No comments:

Post a Comment

Pages