အောင်ပန်းမြို့၊ သီရိမင်္ဂလာအောင်ချမ်းသာ (၁၀၈) တောင် စေတီတော် ထီးတော်တင်လှူပူဇော်ပွဲ ကျင်းပ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, April 30, 2026

အောင်ပန်းမြို့၊ သီရိမင်္ဂလာအောင်ချမ်းသာ (၁၀၈) တောင် စေတီတော် ထီးတော်တင်လှူပူဇော်ပွဲ ကျင်းပ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ သီရိမင်္ဂလာအောင်ချမ်းသာ (၁၀၈) တောင် စေတီတော် ထီးတော်တင်လှူပွဲကို ယနေ့ ဧပြီလ ၃၀ ရက်၊ နံနက်ပိုင်းက အဆိုပါစေတီတော်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ဆရာ‌တော်သံဃာတော်မြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး စိန်‌ဖူးတော်၊ ငှက်မြတ်နားတော်၊ ဇွန်းဘုံ၊ ဆွဲလွဲပဒေသာကြေးခေါင်းလောင်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား သံဃာတော် အရှင်သူမြတ် ၉ ပါးထံ ဆက်ကပ်လှူဒါန်းခဲ့သည်။

.

ထို့နောက် စိန်‌ဖူးတော်၊ ငှက်မြတ်နားတော်၊ ဇွန်းဘုံ၊ ဆွဲလွဲပဒေသာ၊ အရန်စေတီ ရွှေထီးတော်တို့အား စေတီတော်ရင်ပြင် လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော်၍ ဧည့်သည်တော် မဏ္ဍပ်ရှေ့၊ သတ်မှတ် နေရာသို့ ပင့်ဆောင်ပြီး မင်္ဂလာအချိန်တွင် ဇွန်းပန်းဘုံနှင့် ဆွဲလွဲပဒေသာ၊ ငှက်မြတ်နားတော်တို့အား ပန်းရထားဖြင့် ပင့်ဆောင်ပူဇော်ကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိန်ဖူးတော် အား စေတီအထွဋ်သို့ တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။

.

ဆက်လက်ပြီး ပင့်သံဃာ ၁၀၈ ပါးက ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဗုဒ္ဓါဘိသေကာ အနေကဇာတင် ပူဇော်ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

.

အခမ်းအနားအပြီးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် အလှူရှင်မိသားစုများက ပင့်သံဃာတော်များအား စေတီတော် လိုဏ်ဂူအတွင်း နဝကမ္မငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ ဧည့်သည်တော်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

.

အဆိုပါ သီရိမင်္ဂလာအောင်ချမ်းသာ စေတီတော်မြတ်ကြီးသည် ကလောမြို့နယ်၊ အောင်ပန်းမြို့၏ အနောက်ဘက် တစ်မိုင် နှစ်ဖာလုံအကွာရှိ မြနန္ဒာကျောက်တောင်ပေါ်တွင် တည်ရှိပြီး အောင်ပန်းမြို့၊ အောင်ချမ်းသာကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပညာဝံသ ဆရာတော်က ဦးစီးဦးဆောင် ပြုကာ ရွှေတိဂုံစေတီတော် ပုံစံတူ တည်ထားကိုးကွယ်ခြင်း ဖြစ်ပြီး ပင်မစေတီတော်ကြီးနှင့် အရန်စေတီ စုစုပေါင်း ၁၆၈ ဆူ ရှိမည် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages