ရှမ်းပြည်နယ်
အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း(ရဲဘက်) အသီးသီး၌ အကျဉ်းကျခံနေရသူများအနက်
အကျဉ်းသား/သူ စုစုပေါင်း ၁၄၂ ဦး ယနေ့ ဧပြီလ ၃၀ ရက် (ကဆုန်လပြည်နေ့)တွင် “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်
ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့်
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိကာ ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။
.
လွတ်မြောက်လာကြသူများမှာ
ညောင်ရွှေအကျဉ်းထောင်မှ အမျိုးသား ၂၄ ဦး၊ အမျိုးသမီ ၅ ဦး၊ ပေါင်း ၂၉ ဦး၊ ကျိုင်းတုံအကျဉ်းထောင်မှ
အမျိုးသား ၆ ဦး၊ အမျိုးသမီ ၁ ဦး၊ ပေါင်း ၇ ဦး၊ လားရှိုးအကျဉ်းထောင်မှ အမျိုးသား ၄၇
ဦး၊ အမျိုးသမီး ၅ ဦး၊ ပေါင်း ၅၂ ဦး၊ မိုင်းဆတ်အကျဉ်းထောင်မှ အမျိုးသား ၅ ဦး၊ ထီးခမ်းစခန်းမှ
အမျိုးသား ၁၂ ဦး၊ ဘန်းကန်စခန်းမှ အမျိုးသား ၁၉ ဦး၊ တောင်လေးလုံးစခန်းမှ အမျိုးသား ၁၈
ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
“ လွတ်မြောက်ဖို့
ကျန်ရှိတဲ့ကာလ တစ်နှစ်နဲ့အောက် ရှိတဲ့သူတွေ အကုန် လွတ်မြောက်ကြပါတယ်။ မလွတ်တဲ့သူတွေလည်း
ခြောက်ပုံတစ်ပုံ ခံစားခွင့် ရရှိကြပါတယ်။ ပျော်ပါတယ်၊ ကျန်ခဲ့တဲ့ ညီကိုတွေအတွက်တော့
စိတ် မကောင်းပေမယ့်၊ ၆/၁ ရတော့ သူတို့လည်း ပျော်နေကြပါတယ်။” ဟု ပြန်လည်လွတ်မြောက်လူသူ
တစ်ဦးက ပြောသည်။
.
တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့်မူ အကျဉ်းသား/သူ ၁၅၀၈ ဦး၊ နိုင်ငံခြားသား
အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်း သတ်မှတ်ချက်ဖြင့်
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။
.

No comments:
Post a Comment