“ဝ” ဒေသ ပန်ဆန်းတွင် အမျိုးသမီးတစ်ဦးအား ပြည့်တန်ဆာအဖြစ် စေခိုင်းပြီး ငွေကြေးခေါင်းပုံဖြတ် ရယူသူကို ထောင်ဒဏ် ၁၁ နှစ် ချမှတ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, April 2, 2026

“ဝ” ဒေသ ပန်ဆန်းတွင် အမျိုးသမီးတစ်ဦးအား ပြည့်တန်ဆာအဖြစ် စေခိုင်းပြီး ငွေကြေးခေါင်းပုံဖြတ် ရယူသူကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်

.

“ဝ” ဒေသ၊ ပန်ဆန်းမြို့တွင် အမျိုးသမီးတစ်ဦးအား ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းပြီး ရရှိသည့် ငွေကြေး အကျိုးအမြတ်ကို ခေါင်းပုံဖြတ်ရယူခဲ့သူတစ်ဦးကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

.

.

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်နေအမျိုးသမီးတစ်ဦးကို တစ်ရပ်ကွက်တည်းနေ မသီတာမိုး (ခ) ချယ်ရီ က ကျိုင်းတုံမြို့ရှိ KTV ဆိုင်တွင် အလုပ်ရှိကြောင်း၊ တစ်လလျှင် ငွေကျပ်သိန်း ၃၀ ခန့် ရရှိမည်ဟု စည်းရုံးပြောဆိုပြီး ယင်းအမျိုးသမီးအား ကျိုင်းတုံမြို့သို့ သွားရောက်ရန်  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဂိတ်သို့ လိုက်ပါပို့ဆောင်ကာ လက်ကိုင်ဖုန်း တစ်လုံး၊ ငွေသား ၅ သောင်းကျပ်နှင့် ကျိုင်းတုံမြို့ရောက်လျှင် ဆက်သွယ်ရန် မသဲအိဖြူ ဆိုသူ၏ ဖုန်းနံပါတ်ကို ပေးခဲ့ကြောင်း သိရသည်။

.

အမျိုးသမီးသည် ကျိုင်းတုံမြို့သို့ရောက်ရှိပြီးနောက် မသဲအိဖြူ ဆိုသူ ထံသို့ ဆက်သွယ်ခဲ့ရာ အငှားကား တစ်စီး လွှတ်ပေးခဲ့ပြီး ၎င်းကားဖြင့် လိုက်ခဲ့ရန်ပြောဆိုသဖြင့်လိုက်ပါခဲ့ပြီး ၆ နာရီခန့် အကြာတွင် မသဲအိဖြူ နေထိုင်သည့် ပန်ဆန်းမြို့ရှိ တရုတ်စာတမ်းများ ရေးသားထားသည့် “ဖန်ကျွမ်းလိုင်” ဆိုသည့် ဆိုင်သို့ရောက်ရှိ ခဲ့ပြီး မသဲအိဖြူ ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

.

ထိုဆိုင်အရောက်တွင် မသဲအိဖြူက အမျိုးသမီး၏ မှတ်ပုံတင်အား သိမ်းဆည်းပြီး နောက်နေ့တွင် အမျိုးသား ဖောက်သည်များနှင့် ဆက်ဆံရမည်ဟု ပြောဆိုသဖြင့် ပြည့်တန်ဆာအလုပ် မလုပ်နိုင်ကြောင်း၊ ပြန်လို ကြောင်း ပြောဆိုခဲ့ရာ ပြန်လိုပါက မသီတာမိုး (ခ) ချယ်ရီကို ထုတ်ပေးထားသည့် ငွေကျပ်သိန်း ၃၀ ပြန်ပေး ပါက ပြန်နိုင်ကြောင်း၊ မပေးနိုင်ပါကပြည့်တန်ဆာအလုပ် လုပ်ကိုင်ရမည် ဖြစ်ကာ ထွက်ပြေးပါက သတ်ခိုင်းမည်ဟု ခြိမ်းခြောက်ပြောဆိုကာ ပြည့်တန်ဆာအဖြစ် အဓမ္မ စေခိုင်းခဲ့ကြောင်း သိရသည်။

.

မသဲအိဖြူမှ ရရှိသည့်ငွေကို တစ်ဝက်ပေးမည်ဟု ပြောခဲ့သော်လည်း မရရှိခဲ့ဘဲ အမျိုးသမီးမှာ ဆက်လက် မလုပ်ကိုင်လိုတော့၍ ဧည့်သည်အမျိုးသား တစ်ဦးကို အကူအညီတောင်းခံကာ ကျိုင်းတုံမြို့မှ တစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့ကြောင့် စိစစ်ပေါ်ပေါက်ချက်အရ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ရရှိသောငွေကြေး အကျိုးအမြတ် အား ခေါင်းပုံဖြတ် ရယူခဲ့သူ မသီတာမိုး (ခ) ချယ်ရီ အား အင်းစိန်ခရိုင်တရားရုံးက လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဥပဒေဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages