အောင်ပန်းမှ ရှမ်းတောင်ဒေသတွင်းသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများ ကားခဈေးတက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Thursday, April 23, 2026

အောင်ပန်းမှ ရှမ်းတောင်ဒေသတွင်းသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများ ကားခဈေးတက်

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်

.

အောင်ပန်းမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတွင်း မြို့များသို့ ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းများ၏ ယာဉ်စီးခများ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနေကြောင်း သိရသည်။

.

.

အောင်ပန်းမှ တောင်ကြီးမြို့သို့ ပြေးဆွဲပေးနေသော ယာဉ်လိုင်းများ၏ ယာဉ်စီးခမှာ ယခင် ၈၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်သို့ လည်းကောင်း၊ အောင်ပန်းမှ ရွာငံမြို့သို့ ယခင် ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်သို့ လည်းကောင်း၊ အောင်ပန်းမှ ပင်လောင်းမြို့သို့ ယခင် ၁၅၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်သို့လည်းကောင်း ယာဉ်စီးခ တိုးမြင့်လာခြင်းဖြစ်ပြီး အောင်ပန်း-ပင်းတယခရီးစဉ်မှာ ၁၂၀၀၀ ကျပ်နှင့် အောင်ပန်း-ရပ်စောက် ခရီးစဉ်မှာ ၂၀၀၀၀ ကျပ်အထိ ရှိကြောင်း သိရသည်။

.

“အခုကတော့ ခရီးသည်ကလည်း ပုံမှန်ရှိပါတယ်။ နေ့စဉ်ပုံမှန်ဆွဲပေးနေပါတယ်။ ကားခကတော့ အခု အများစု ၁၂၀၀၀ ကျပ်ကနေ ထပ်တက်ဖို့လည်း ရှိတယ်လို့ သိရပါတယ်” ဟု အောင်ပန်းမြို့ခံတစ်ဦးက ပြောသည်။

.

ထို့အတူ တောင်ကြီးမြို့မှ ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာပြည်အရပ်ရပ်သို့ ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းများ၏ ယာဉ်စီးခများလည်း မြင့်တက်လျက်ရှိပြီး လောင်စာဆီ ဈေးနှုန်းပေါ် မူတည်၍ ထပ်မံ မြင့်တက်ရန် ရှိနေကြောင်းလည်း သိရသည်။

.

No comments:

Post a Comment

Pages