ညောင်ရွှေမြို့နယ်တွင် သေနတ်မဆင်မခြင် ကိုင်တွယ်ရာမှ အမျိုးသမီးတစ်ဦး ကျည်ထိမှန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Thursday, April 23, 2026

ညောင်ရွှေမြို့နယ်တွင် သေနတ်မဆင်မခြင် ကိုင်တွယ်ရာမှ အမျိုးသမီးတစ်ဦး ကျည်ထိမှန်

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု၊ အရှေ့ညောင်ဝန်းကျေးရွာတွင် ဧပြီလ ၁၆ ရက်၊ ညပိုင်းက အမျိုးသားတစ်ဦး သေနတ်မဆင်မခြင်ကိုင်တွယ်ရာမှ ကျည်ထွက်၍ အမျိုးသမီး တစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

.

.

ညောင်ရွှေမြို့နယ်၊ ကေလာကျေးရွာနေ ညိမ်းထွန်းဝင်း (ခ) ကိုပြား သည် ဧပြီလ ၁၆ ရက်၊ ည ၁၀ နာရီခန့်က အစ်ကို တော်စပ်သူ ညောင်ရွှေမြို့နယ်၊ ညောင်ဝန်းအရှေ့ကျေးရွာနေ ဦးဇော်မင်း၏ နေအိမ်သို့ အလည် သွားစဉ် ၎င်းကိုင်ဆောင်လာသည့် ကာဘိုင်သေနတ်ကို ကျည်ရှင်းရန် ပြုလုပ်ရာမှ ကျည်ထွက်ပြီး နေအိမ် အိပ်ခန်းအတွင်း ရှိနေသော ဦးဇော်မင်း၏ သမီးဖြစ်သူ အသက် ၂၀ အရွယ် အမျိုးသမီး၏ ယာဖက်ပေါင်ကို သေနတ်ကျည် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဒဏ်ရာရရှိသည့် အမျိုးသမီးအား နန်းပန်လူမှုကူညီရေးယာဉ်ဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ယာဖက်ပေါင်ရိုး ထိခိုက်အက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

.

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သေနတ်ကိုင်ဆောင်သူသည် PNO တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည့်အပေါ် PNO ပအိုဝ်းဌာနေပြည်သူ့စစ်၊ အောင်ပန်းရုံးသို့ ကမ္ဘောဇတိုင်းက ဆက်သွယ် မေးမြန်းရာတွင် သေနတ်ကိုင်ဆောင်သူမှာ ၎င်းတို့တပ်ဖွဲ့ဝင် မဟုတ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

.

သေနတ်သည် PNO ပအိုဝ်းဌာနေ ပြည်သူ့စစ်  စီးပွားရေးတာဝန်ခံဖြစ်သူ ဦးအောင်တိုး၏ လုံခြုံရေးအတွက် အောင်ပန်းရုံးမှ ၂၀၂၅ ခုနှစ်တွင် ထုတ်ပေးထားခြင်း ဖြစ်ကာ ယင်းသေနတ်ကို ညိမ်းထွန်းဝင်း (ခ) ကိုပြားအား ကိုင်ဆောင်စေခြင်း ဖြစ်သည်ဟု သိရသည်။

.

သို့ဖြစ်၍ ​သေနတ်အား မဆင်မခြင်ကိုင်တွယ်ခဲ့သူ ညိမ်းထွန်းဝင်း (ခ) ကိုပြား အား ညောင်ရွှေမြို့မရဲစခန်း တွင် ရာဇသတ်ကြီးပုဒ်မ ၃၃၈ အရ အရေးယူထားပြီး ၎င်းကိုင်ဆောင်အသုံးပြုခဲ့သည့် ကာဘိုင်သေနတ် ၁ လက်၊ ကျည် ၉ တောင့်၊ ကျည်ပေါက်ထွက်ရာမှကျန်ရှိခဲ့သော ကျည်ခွံ ၁ ခု၊ ကျည်အိမ် ၁ ခု တို့ကို သက်သေခံအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages