တောင်ကြီးမြို့၊ ပြည်တော်အေးတိုက်အေက်တွင် ရပ်နားထားသော ဆိုင်ကယ်တစ်စီး ခိုးယူခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, April 21, 2026

တောင်ကြီးမြို့၊ ပြည်တော်အေးတိုက်အေက်တွင် ရပ်နားထားသော ဆိုင်ကယ်တစ်စီး ခိုးယူခံရ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်

.

တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ ပြည်တော်အေးအိမ်ရာတိုက် ဝင်းအတွင်း ရပ်နားထားသော ဆိုင်ကယ်တစ်စီး ဧပြီလ ၁၉ ရက်၊ ညပိုင်းက ခိုးယူခံခဲ့ရကြောင်း သိရသည်။

.

.

ခိုးယူခံရသည့် ဆိုင်ကယ်မှာ HONDA WAVE 100 အမျိုးအစား၊ လိုင်စင်ရှိ အဖြူရောင်ဆိုင်ကယ်ဖြစ်ပြီး ခိုးယူသူက တိုက်အောက်အထိ ဝင်ရောက်ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“၁၉ ရက်၊ ညပိုင်းမှာ ဝင်ခိုးသွားတာပါ။ ၂၀ ရက်နေ့၊ နေ့လယ်မှာ ရဲစခန်းမှာ အမှုဖွင့်ထား ပါတယ်။ ကျွန်မက ဆီထုတ်တော့ ဆိုင်ကယ်အုံနာဘုတ်တွေ၊ ဝှီးတက်တွေပါ ထည့်ထားတာ အဲဒါတွေပါ ပါသွားပါတယ်” ဟု ဆိုင်ကယ်ခိုးယူခံရသူက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ပြည်တော်အေးအိမ်ရာ ဝင်းအတွင်း လုံခြုံရေးအစောင့်ရှိသော်လည်း ဆိုင်ကယ်ခိုးယူခံရချိန်တွင် အစောင့်မှာ တိုက်အနောက်ဘက်သို့ ရောက်နေသည့်အတွက် တွေ့ရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

.

ခိုးယူသွားသော ဆိုင်ကယ်အား တွေ့ရှိလျှင်ဖြစ်စေ၊ လာရောင်းချလျှင် ဖြစ်စေ ဖုန်းနံပါတ် 09456047324 နှင့် 09799043080 တို့ထံ ဆက်သွယ်အကြောင်းကြားပေးရန် မေတ္တာ ရပ်ခံထားသည်။

.

ထို့အပြင် ယမန်နေ့ ဧပြီလ ၂၀ ရက်၊ နံနက်ပိုင်းကလည်း တောင်ကြီးမြို၊ အမျိုးသမီးနှင့် ကလေးဆေးရုံဝန်း အတွင်း၌ ရပ်ထားသည့် အလုပ်သင်ဆရာဝန်တစ်ဦး၏ မော်တော်ဆိုင်ကယ် တစ်စီး ခိုးယူခံရမှု ဖြစ်ပွားခဲ့သေးသည်။

.

တောင်ကြီးမြို့တွင် ဆိုင်ကယ်ခိုးယူခံရမှုများ မကြာခဏ ဖြစ်ပွားနေပြီး ဆိုင်ကယ်ခိုးယူသူများသည် တောင်ကြီးမြိုပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် လှည့်လည်သွားလာ စောင့်ကြည့်နေကြပြီး အလစ်အငိုက်နှင့် ညနက်ပိုင်းများတွင် ခိုးယူတတ်သည့်အတွက် သတိပြုရန်လိုအပ်နေကြောင်း မြို့ခံများအကြား သတိပေးပြောဆိုမှုများ ရှိနေသည်။

.

No comments:

Post a Comment

Pages