.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်
.
အားကစားနှင့် ကာယပညာသိပ္ပံ၊ တောင်ကြီး အပါအဝင် မြို့ပေါင်း
၆ ခုရှိ အားကာသိပ္ပံကျောင်းများ၌ အားကစားနှင့် ပညာရေး ပေါင်းစပ်သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.အဆိုပါ ကျောင်းများမှာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊
တောင်ကြီး၊ မုံရွာနှင့် လွိုင်ကော်မြို့များရှိ အားကာ သိပ္ပံကျောင်းများဖြစ်ပြီး သင်တန်းကို
လာမည့်ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ထိုသင်တန်းများတွင် တစ်နိုင်ငံလုံးရှိ ထူးချွန်သည့်
အာကစားသမားများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
သင်တန်းတက်ရောက်လိုသူများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊
ပြည်နယ်များရှိ အားကစားနှင့် ကာယပညာဦးစီးဌာနများသို့ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း
သိရသည်။
.
သင်တန်းတွင် ရေကူး၊ မြှားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘောလုံး၊ ဘတ်စကက်ဘော၊ လှေလှော်၊ လက်ဝှေ့၊ စက်ဘီး၊ သေနတ်ပစ်၊ ဂျူဒို၊ ကာရာတေး၊ ပိုက်ကျော်ခြင်း၊ ရွက်လှေ၊ စားပွဲတင် တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ် စသည့်အားကစားနည်းများကို ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
သင်တန်း တက်ရောက်လိုသူများသည် အခြေခံပညာ
အလယ်တန်း ၇ တန်း အောင်မြင်ပြီးသူ ဖြစ်ရမည် ဖြစ်ပြီး အရပ်မှာ အမျိုးသား ၅ ပေ ၄ လက်မ၊
အမျိုးသမီး ၅ ပေ ၂ လက်မ အနည်းဆုံးရှိရမည်ဖြစ်ကာ
ကိုယ်အလေးချိန်နှင့် သက်ဆိုင်ရာ အားကစားနည်းကို ကျွမ်းကျင်မှုရှိရမည်ဖြစ်ကြောင်း သိရသည်။
.
Photo – အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)
.

No comments:
Post a Comment