.
ရှမ်းပြည်နယ်
မြောက်ပိုင်း၊ လားရှိူးမြို့တွင် ယမန်နေ့ ညပိုင်းက နေအိမ် တစ်လုံး မီးလောင်မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ယမန်နေ့
ဧပြီလ ၁ ရက်၊ ည ၈ နာရီ ၈ မိနစ်အချိန်တွင် လားရှိူးမြို့၊ ရပ်ကွက်(၁၀)၊
ပတ္တမြားလမ်းတွင် နေအိမ် တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၈ နာရီ ၂၅
မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မီးသတ်ဌာနထံမှ သိရသည်။
.
" ပါရမီ ဘုန်းကြီးကျောင်း ရှေ့က အိမ်
လောင်တာပါ။ ဘာလို့ လောင်မှန်းတော့ မသိရပါဘူး။ လူတော့ အထိ အခိုက်မရှိဘူးလို့
ကြားတယ်။" ဟု ရပ်ကွက် (၉)နေသူ တစ်ဦးက ပြောသည်။
.
ပူပြင်း
ခြောက်သွေ့ရာသီ ဖြစ်သည့် အတွက် မီးဘေးအန္တရာယ်တွေ့ရနိုင်မှု များပြားသဖြင့်
မီးလောင်မှု ဖြစ်ပေါ်စေမည့် အခြေအနေများကို မပြုလုပ်၊ မပေါ့ဆကြရန် မီးသတ်ဌာနက
ပြည်သူများအား နှိုးဆော်ထားသည်။
.
#KBZTai #Shan #Lashio



No comments:
Post a Comment