.
၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊
လေဆိပ်လမ်းခွဲတွင် ယမန်နေ့ ဧပြီလ ၃၀ ရက်၊ ညပိုင်းက ဆိုင်ကယ် ၂ စီး တိုက်မိပြီး အမျိုးသားတစ်ဦး
သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.ဟဲဟိုး-ကလောသွားလမ်း၊ ဟဲဟိုးလေဆိပ်လမ်းခွဲတွင် ယမန်နေ့
ဧပြီလ ၃၀ ရက်၊ ည ၇ နာရီခွဲခန့်က ဆိုင်ကယ် ၂ စီး ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့်
သစ်ယားပင်ကျေးရွာနေ ရေသန့် လုပ်သားတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ၂ ဦး ပြင်းထန်ဒဏ်ရာ
ရရှိခဲ့ကာ ဟဲဟိုး မြတ်စေတနာ လူမှုကူညီရေးအသင်း ကား ၂ စီးဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့
ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူအား ဟဲဟိုးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
“အောင်ပန်း ၁၀၈ တောင်ဘုရား ထီးတင်ပွဲကအပြန် တစ်စီးက
အကွေ့၊ တစ်စီးက အဖြောင့် တိုက်မိတာပါ။ ဒဏ်ရာရ ကလေး ၂ ယောက်ကတော့ ဒဏ်ရာတော့ ပြင်းတယ်။
စဝ်စံထွန်းဆေးရုံကို ပို့လိုက်ပါတယ်” ဟု ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောသည်။
.
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားသူ၏ ရုပ်အလောင်းအား
ဟဲဟိုးသုဿာန်တွင် မီးသင်္ဂြိုဟ် သွားမည်ဖြစ်ကြောင်း သိရသည်။
.
Photo - မြတ်စေတနာ လူမှုကူညီရေးအသင်း
.

No comments:
Post a Comment