စက်သုံးဆီဈေး ကျဆင်းမှုနှင့်အတူ အဝေးပြေးယာဉ်လိုင်းအချို့ ယာဉ်စီးခ လျှော့ချ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, May 1, 2026

စက်သုံးဆီဈေး ကျဆင်းမှုနှင့်အတူ အဝေးပြေးယာဉ်လိုင်းအချို့ ယာဉ်စီးခ လျှော့ချ

.

၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်

.

စက်သုံးဆီဈေးနှုန်း ကျဆင်းလာမှုနှင့်အတူ တောင်ကြီးမှ ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းအချို့ ယာဉ်စီးခများကို လျှော့ချကောက်ခံနေလျက်ရှိကြောင်း သိရသည်။

.

.

“တချို့လည်း ဈေးကျတယ်။ တချို့လည်း မကျဘူး။ အရင်ဈေးနှုန်းတွေထက်တော့ အနည်းအကျဉ်း ကျတာပေါ့” ဟု ယာဉ်လိုင်းဂိတ်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

.

လက်ရှိ တောင်ကြီး-ရန်ကုန် ယာဉ်စီးခ နှုန်းထားများမှာ Elite - ၉၅၀၀၀ ကျပ်၊ မန္တလာမင်း - ၈၅၀၀၀ ကျပ်၊ JJ - ၉၅၀၀၀ ကျပ်၊ Famous - ၁၀၀၀၀၀ ကျပ်၊ Famous VVIP - ၂၀၀၀၀၀ ကျပ်၊ မြတ်မန္တလာထွန်း - ၉၅၀၀၀ ကျပ်၊ High Class - ၈၅၀၀၀ ကျပ်၊ လုမ္ပနီ - ၆၅၀၀၀ ကျပ်၊ ဒို့ညီနောင် - ၇၉၀၀၀ ကျပ်၊ အောင်သိမ်းပိုက် - ၅၀၀၀၀ ကျပ်၊ တော်ဝင်ချယ်ရီ - ၈၅၀၀၀ ကျပ်နှင့် နယူးမန္တလာထွန်း - ၅၀၀၀၀ ကျပ် တို့ဖြစ်ပြီး တောင်ကြီး-မန္တလေး ယာဉ်စီးခများမှာ ဒို့ညီနောင် - ၅၀၀၀၀ ကျပ်၊ တော်ဝင်ချယ်ရီ - ၆၅၀၀၀ ကျပ်၊ ဒို့ညီနောင် VIP - ၆၅၀၀၀ ကျပ်၊ JJ - ၅၅၀၀၀ ကျပ်၊ Elite - ၅၅၀၀၀ ကျပ်တို့ဖြစ်ကာ တောင်ကြီး-မော်လမြိုင် ရွှေမန္တလာခရီးစဉ်မှာ ၁၁၀၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

.

ယခင်ရက်သတ္တပတ်က တောင်ကြီး-ရန်ကုန် ကားလက်မှတ်ခများအနေဖြင့် ယာဉ်လိုင်းနှင့် ကားအမျိုးအစား ပေါ် မူတည်၍ အနည်းဆုံး ၅၅၀၀၀ မှ ကျပ်တစ်သိန်းကျော်အထိ ဖြစ်ပေါ်နေကာ VIP ကားများမှာ ကျပ်နှစ်သိန်းခွဲ ဝန်းကျင် အထိ ရှိခဲ့ပြီး တောင်ကြီး-မန္တလေး ယာဉ်လိုင်းစီးနင်းခများမှာလည်း အနည်းဆုံး ၅၅၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ် ဝန်းကျင်အထိ ရှိခဲ့ရာ လက်ရှိတွင် ဈေးနှုန်း အနည်းငယ်သာ ကျဆင်းလာခြင်း ဖြစ်သည်။

.

စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီက ထုတ်ပြန်သည့် တောင်ကြီးမြို့ ၏ ယနေ့ မေလ ၁ ရက်အတွက် စက်သုံးဆီ ရည်ညွှန်းဈေးများမှာ အောက်တိန်း 92 တစ်လီတာ လျှင်  ၄၆၉၀ ကျပ်၊ 95 တစ်လီတာလျှင်  ၄၈၅၀ ကျပ်၊ ဒီဇယ် ရိုးရိုး တစ်လီတာလျှင် ၅၄၄၅ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင်  ၆၆၃၅ ကျပ် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages