.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်
.
မနေ့ညက ကစားခဲ့တဲ့ ပေါ်တူဂီနဲ့
ကွန်ဂိုအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ပေါ်တူဂီက ကွန်ဂိုကို အနိုင်မကစား နိုင်ခဲ့ဘဲ
၁-၁ ရလာဒ်နဲ့ သရေကျသွားခဲ့ရပါတယ်။
.
.ပေါ်တူဂီရဲ့ခြေစွမ်းက ကြည့်လာခဲ့တဲ့ ကမ္ဘာ့ဖလား အသင်းကြီးတွေထဲမှာ
အဆိုးဆုံး ခြေစွမ်းလို့တောင် ပြောလို့ရပြီး ရော်နယ်ဒိုကလည်း ရတဲ့အခွင့်အရေးတွေကို
ဖြုန်းတီးပစ်ခဲ့တာပါ။
.
ပေါ်တူဂီအသင်းက ရော်နယ်ဒို၊ နီတိုနဲ့ ဘာနာဒို
တို့ကို ကစားစေခဲ့ပြီး ဗီတင်ဟာ၊ ဘရူနို၊ နီဗက်စ်တို့ရဲ့ ကွင်းလယ်နဲ့ လူစုံခဲ့တာပါ။
ကွန်ဂိုကတော့ ဘာကမ်ဘူ၊ ဝစ်ဆာ တို့ရဲ့ တိုက်စစ်အားနဲ့ ခံစစ်အားပြုပြီး
ကစားသွားခဲ့တာဖြစ်ပါတယ်။
.
ပထမပိုင်း ၆ မ်ိနစ်မှာကတည်းက ပေါ်တူဂီက
ကွင်းလယ်လူ နီဗက်စ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာမို့ ဒီပွဲမှာ
သေချာပေါက်နိုင်ပြီလို့ ထင်ခဲ့ကြပေမဲ့လည်း အဲဒီနောက်မှာတော့ ပေါ်တူဂီရဲ့ကစားပုံက
လျော့တိလျော့ရဲ နိုင်ခဲ့ပြီး ဘောလုံးက ကွင်းလယ်မှာပဲ အချိန်ကုန်နေခဲ့ရတာပါ။
.
ကွန်ဂိုကတော့ ပေါ်တူဂီရဲ့ တိုက်စစ်လမ်းကြောင်း
မှန်သမျှကို ပိတ်ကစားဖို့ကြိုးစားခဲ့ပြီး နူနိုမန်ဒက်စ် ရဲ့တစ်ခြမ်းတည်းကိုပဲ
ကစားခွင့်ပေးခဲ့တာပါ။ ဒါပေမဲ့ မန်ဒက်စ်ဖက်က ဖြတ်တင်ဘောတွေက အလုပ်မဖြစ်ခဲ့သလို
ပေါ်တူဂီကလည်း ဘောလုံးရရင် ကွင်းလယ်မှာ ခွေးရူးကစားဖို့လောက်ပဲ ကြိုးစား နေတာမို့
ဂိုးရပြီးနောက်ပိုင်းမိနစ်တွေမှာ ပေါ်တူဂီရဲ့ကစားပုံက အားရစရာမရှိခဲ့ပါဘူး။
.
ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာတော့
ကွန်ဂို တိုက်စစ်မှူး ဝစ်ဆာ က ချေပဂိုးသွင်းပေးသွားလို့ ပေါ်တူဂီတွေ
အထိတ်ထိတ်အပြာပြာဖြစ်ပြီး ဂိုးပြန်ရဖို့ ကြိုုးစားခဲ့ရတာပါ။
.
ဒါပေမဲ့ ပွဲချိန် ဒုတိယပိုင်းမှာလည်း
ပထမပိုင်းတုန်းကနဲ့ ထူးမခြားနား ကစားပုံသာ ဖြစ်နေခဲ့ပြီး ဂိုးပေါက် ကန်သွင်းခွင့်လည်း
မယ်မယ်ရရ မရှိခဲ့တာကို တွေ့ရတာပါ။ ပေါ်တူဂီ က ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၅
ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဘောလုံးပေးပို့မှုကလည်း အကြိမ် ၇၅၀ ကျော်အထိ ရှိခဲ့ပေမဲ့
ကွန်ဂိုကို နိုင်ဖို့အတွက် သွင်းဂိုးတစ်ဂိုးကိုတော့ ဖန်တီးနိုင်ခြင်းမရှိခဲ့တာပါ။
.
ဘရူနိုက မန်ယူကခြေစွမ်းမျိုး မပြနိုင်ခဲ့သလို
ရော်နယ်ဒိုကလည်း နေရာယူမှု အမှားတွေလုပ်နေခဲ့တာမို့ ဒီပွဲက တော်တော်လေး
ပြောစရာဖြစ်သွားခဲ့တာပါ။ ပရိသတ်တွေကတော့ ပွဲချိန် ၇၂ မိနစ်မှာ မန်ဒက်စ်နဲ့ ဆီမီဒို
ကို လူစားလဲခဲ့တဲ့ နည်းပြ မာတီနက်ဇ်ရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်ခဲ့ကြပြီး
ဘယ်လ်ဂျီယံကို ဖျက်ဆီး ပြီးတဲ့နောက် ပေါ်တူဂီကို လာဖျက်ဆီးနေတယ် ဆိုတဲ့
မှတ်ချက်တွေ ပေးခဲ့ကြတာပါ။
.
ပေါ်တူဂီအနေနဲ့ လာမယ့်ပွဲတွေမှာ ဥဇဘက်၊
ကိုလံဘီယာ အသင်းတို့နဲ့ ထပ်မံရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။
.

No comments:
Post a Comment