ကနေဒါနိုင်ငံထဲ ဝင်ခွင့်အပိတ်ခံရလို့ ကမ္ဘာ့ဖလားအဖွင့်ပွဲကို လွဲမယ့် သောမတ်စ်ပါတေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 13, 2026

ကနေဒါနိုင်ငံထဲ ဝင်ခွင့်အပိတ်ခံရလို့ ကမ္ဘာ့ဖလားအဖွင့်ပွဲကို လွဲမယ့် သောမတ်စ်ပါတေး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်

.

ဂါနာအသင်းနဲ့ ဗီလာရီးယဲလ်အသင်း ကွင်းလယ်လူ သောမတ်စ်ပါတေး ကတော့ ကနေဒါနိုင်ငံထဲကို ပြည်ဝင်ခွင့် ပိတ်ပင်ခံထားရတဲ့အတွက် ပနားမားအသင်းနဲ့ ကစားရမယ့် ကမ္ဘာ့ဖလားပွဲစဉ်ကို လွဲချော် ရတော့မှာပါ။ တိုရွန်တိုမြို့မှာ ကစားရမယ့် ဒီပွဲအတွက် ပါတေးက နိုင်ငံတွင်း ဝင်ရောက်ခွင့်မရခဲ့ဘဲ ကနေဒါဖက်က အကြောင်းပြချက်ကတော့ ပါတေး ဟာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ကိစ္စတွေအတွက် တရားရုံးတွေမှာ အမှုရင်ဆိုင်နေရတာကြောင့်လို့ ဖြေရှင်းထားတာပါ။

.

.

အသက် ၃၂ နှစ်အရွယ် ကွင်းလယ်လူ ဟာ ဂါနာရဲ့ အတွေ့အကြုံအများဆုံး ကွင်းလယ်လူတွေထဲက တစ်ယောက်ဖြစ်နေပေမဲ့လည်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေနဲ့ ပတ်သက်လို့ တရားစွဲဆိုမှုတွေကို ရင်ဆိုင်နေရတာပါ။ ပါတေး တစ်ယောက် အာဆင်နယ်အသင်းမှာ ကစားခဲ့စဉ်အချိန်ကတည်းက ဒီအမှုတွေက ဖြစ်နေခဲ့တာဖြစ်ပြီး မုဒိမ်းမှုတွေရော၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေရော စတာတွေအတွက် လန်ဒန်တရားရုံးတွေမှာ တရားစွဲခံထားရတာပါ။

.

ဒီနှစ်ဖေဖော်ဝါရီမှာ အမှုနှစ်ခု ထပ်တိုးခဲ့ပြီး အဓမ္မကျင့်ခဲ့တယ်ဆိုတဲ့ အမှုနှစ်ခုကို လန်ဒန်တရားရုံးက ထပ်ပေါင်းထည့်ခဲ့ပါတယ်။ ပါတေး ကတော့ သူ့ရဲ့အမှုအားလုံးကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ပြန်လည် တုံ့ပြန်ထားပါတယ်။

.

ပါတေးက အမေရိကန်ကို ဇွန်လ ၄ ရက်မှာ အသင်းနဲ့အတူ ရောက်ရှိလာခဲ့ပေမဲ့လည်း ကနေဒါကတော့ နယ်စပ်ဖြတ်ကျော်ရေးအတွက် တရားဥပဒေနဲ့ ငြိစွန်းနေသူတွေကို ခွင့်မပြုတာမို့ ကနေဒါနိုင်ငံထဲမှာ ကစားရမယ့် ကမ္ဘာ့ဖလားပွဲစဉ်နဲ့ လွဲချော်ရဖို့ ဖြစ်လာခဲ့တာပါ။

.

အခြေအနေတွေအရတော့ ပါတေး ဟာ ကနေဒါနိုင်ငံထဲမှာ ကစားရမယ့် ကမ္ဘာ့ဖလားပွဲအားလုံးကို လွဲချော်ရဖို့ရှိနေပြီး လက်ရှိမှာတော့ ဂါနာအသင်းတာဝန်ရှိသူတွေက ကနေဒါအစိုးရနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေကြပါတယ်။

.

Source – ESPN

.

No comments:

Post a Comment

Pages