ရွှေညောင်ရှိ တည်းခိုခန်းတစ်ခု ပိုင်ရှင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 13, 2026

ရွှေညောင်ရှိ တည်းခိုခန်းတစ်ခု ပိုင်ရှင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်

.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ တည်းခိုခန်း တစ်ခု၏ ပိုင်ရှင် ဖြစ်သူထံမှ ယမန်နေ့ ဇွန်လ ၁၂ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဇွန်လ ၁၂ ရက်၊ ညနေ ၃ နာရီခွဲခန့်က ရွှေ‌ညောင်မြို့၊ သုခချမ်းသာ (၂) ရပ်ကွက်၊ နယ်မြေ (၂) ရှိ တည်းခိုခန်း တစ်ခုအား ဝင်ရောက်ရှာဖွေရာ တည်းခိုခန်း ပိုင်ရှင်ဖြစ်သူ အောင်အောင်လွင် (ခ) အောင်လွင် (ခ) လုံးလုံး အား အသင့် တွေ့ရပြီး ၎င်းဝတ်ဆင်ထားသည့် အင်္ကျီအတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွမူးယစ်ဆေးပြား ၂၀၀ ပြားစီပါ အထုပ် ၄ ထုပ်၊ စုစုပေါင်း ဆေးပြား ၈၀၀ ပြားနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများအား ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အောင်အောင်လွင် (ခ) အောင်လွင် (ခ) လုံးလုံး အား ရွှေညောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
.
#KBZTai #Shan #ShweNyaung #Drugs
.

 

No comments:

Post a Comment

Pages