အောင်ပန်းတွင် အမျိုးသားတစ်ဦး ရေတွင်းထဲ ပြုတ်ကျ သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, June 12, 2026

အောင်ပန်းတွင် အမျိုးသားတစ်ဦး ရေတွင်းထဲ ပြုတ်ကျ သေဆုံး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရွာတွင် ယနေ့ ဇွန်လ ၁၂ ရက်၊ ညနေပိုင်းက အမျိုးသားတစ်ဦးအား ရေအနက် ၁၅ ပေခန့်ရှိ ရေတွင်းတစ်ခုအတွင်း၌ သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။

.

.

သေဆုံးသူ အမျိုးသားသည် အောင်ပန်းမြို့၊ ကမ္ဘားနီကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာနေ ဦးမြင့်ဇော် ဆိုသူဖြစ်ပြီး ၎င်းသည် အရက် အလွန်အကျွံသောက်သောက်သုံးကာ ဇွန်လ ၈ ရက်ကတည်းက နေအိမ်မှ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

.

“အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်နေ ဆွေမျိုးများထံ အလည်လာရာကနေ အရက်အလွန်အကျွံသောက်ပြီး ပြုတ်ကျသေဆုံးတယ်လို့ သိရပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

အဆိုပါ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် အောင်ပန်းနယ်မြေရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages