အီရန် ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ ၃၀၀ ဘီလီယံတန်ဖိုးရှိ အစီစဉ် ရေးဆွဲရန် အပါအဝင် အချက် ၁၄ ချက်ပါ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, June 18, 2026

အီရန် ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ ၃၀၀ ဘီလီယံတန်ဖိုးရှိ အစီစဉ် ရေးဆွဲရန် အပါအဝင် အချက် ၁၄ ချက်ပါ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမည်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်

.

အမေရိကန်နဲ့ အီရန် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရာမှာ အီရန် ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်က ဒေါ်လာ ၃၀၀ ဘီလီယံတန်ဖိုးရှိ အစီစဉ်ကို ရေးဆွဲရန် အပါအဝင် အချက် ၁၄ ချက်ကို ထည့်သွင်း ချုပ်ဆို သွားမယ်လို့ သိရပါတယ်။

,

.

အချက်အလက်တွေအများကြီးပါတဲ့ သဘောတူညီချက်တွေကို လုပ်ရတာကြိုက်တဲ့ ထရမ့်အစိုးရက ဒီတစ်ကြိမ်မှာတော့ အီရန်နဲ့ ငြိမ်းချမ်းရေးစာချုပ်အတွက် အချက် ၁၄ ချက်ကိုပဲ ထည့်သွင်းခဲ့ပါတယ်။

.

အမေရိကန်က ဂါဇာဒေသ ပဋိပက္ခရပ်စဲရေးမှာ အချက် ၂၀ ပါတဲ့ သဘောတူညီချက်ကို လုပ်ခဲ့ပြီး၊ ယူကရိန်း-ရုရှားစစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်ခဲ့တဲ့အစီအစဉ်မှာ အချက် ၂၈ ချက်အထိ ပါခဲ့တာပါ။

.

အမေရိကန်နဲ့အီရန်တို့အကြားက သဘောတူညီချက်တွေထဲမှာ အမေရိကန်နဲ့အီရန်က လက်ရှိစစ်ပွဲမှာ ပါဝင် နေတဲ့ မဟာမိတ်တွေနဲ့အတူ စစ်ရေးလှုပ်ရှားမှု အားလုံးကို အပြီးတိုင်ရပ်ဆိုင်းကြောင်း ကြေညာမှာဖြစ်ပြီး အနာဂတ်မှာ နှစ်နိုင်ငံအကြား စစ်ရေးဆောင်ရွက်မှု မစတင်ဖို့ သဘောတူကြမှာဖြစ်ပါတယ်။ ဒါ့အပြင် လက်ဘနွန်ရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့မှုကို အာမခံပေးမှာပါ။

.

ဒါ့အပြင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ဖို့ ကတိ ပြုကြမှာဖြစ်ပြီး နောက်ဆုံး သဘောတူညီချက်ကို ရက်ပေါင်း ၆၀ အတွင်း ဆွေးနွေးပြီး အပြီးသတ်ဖို့ ကြိုးစားမှာပါ။ နှစ်ဖက်စလုံးက သဘောတူတယ်ဆိုရင်တော့ ဆွေးနွေးမှုကို အချိန် ထပ်တိုးဦးမှာလည်း ဖြစ်ပါတယ်။

.

MOU လက်မှတ်ထိုးပြီးတာနဲ့ အမေရိကန်က အီရန်အပေါ်ချမှတ်ထားတဲ့ ရေတပ်ပိတ်ဆို့မှုတွေကို ရက် ၃၀ အတွင်း အားလုံးရုပ်သိမ်းမှာပါ။ အီရန်အနီးတဝိုက်မှာရှိတဲ့ အမေရိကန်တပ်တွေကိုတော့ နောက်ဆုံး သဘော တူညီချက်ရပြီး ရက် ၃၀ အတွင်း ဆုတ်ခွာမှာဖြစ်ပါတယ်။

.

အီရန်ဘက်က ဟောမုဇ်ရေလက်ကြားကနေ ကုန်သင်္ဘောတွေကို အခကြေးငွေမယူဘဲ ရက်ပေါင်း ၆၀ ဖြတ်သန်းခွင့်ပြုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဟောမုဇ်ရေလက်ကြားရဲ့အနာဂတ်စီမံခန့်ခွဲမှုတွေအတွက် အိုမန်နဲ့ ဆွေးနွေးမှု ပြုလုပ်ရမှာဖြစ်တယ် ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

.

အမေရိကန်က ဒေသတွင်းမိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး အနည်းဆုံး ဒေါ်လာ ဘီလီယံ ၃၀၀ တန်ဖိုးရှိတဲ့ အီရန်နိုင်ငံပြန်လည်တည်ဆောက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှု အစီအစဉ်တွေကို ရေးဆွဲရမှာ ဖြစ်ပြီးတော့ အမေရိကန်အနေနဲ့ အီရန်အပေါ်မှာ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအားလုံးကို ရုတ်သိမ်းပေးပြီး အမေရိကန် လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေနဲ့ အမေရိကန်ရဲ့တစ်ဖက်သတ် ပိတ်ဆို့မှုတွေကိုပါ ရုတ်သိမ်းပေးမှာဖြစ်ပါတယ်။

.

အီရန်အနေနဲ့ နျုကလီးယားလက်နက်တွေ မထုတ်လုပ်ဘဲ ရပ်တန့်ထားမယ်လို့ ကတိပြုထားရပြီး အဆင့်မြင့် သန့်စင်ထားတဲ့ အီရန်ရဲ့ ယူရေနီယံတွေကို နိုင်ငံတကာစွမ်းအင်အေဂျင်စီရဲ့ ကြီးကြပ်မှုအောက်မှာ စီမံခန့်ခွဲရမယ့် နည်းလမ်းကို သဘောတူကြမှာဖြစ်ပါတယ်။

.

ဒါ့အပြင် နောက်ဆုံးသဘောတူညီချက်ကို မရခင်အထိ လက်ရှိအခြေအနေကို ထိန်းသိမ်းထားမှာဖြစ်ပြီး အီရန် အနေနဲ့ လက်နက်ထုတ်လုပ်တာတွေ ထပ်မလုပ်ရသလို အမေရိကန်ဖက်ကလည်း ပိတ်ဆို့မှုအသစ်တွေ၊ ဒေသတွင်း စစ်အင်အားထပ်မတိုးတာတွေ ပြုလုပ်ဖို့ သဘောတူထားကြတာပါ။

.

MOU လက်မှတ်ထိုးပြီးတာနဲ့ တပြိုင်နက်ထဲ အမေရိကန်က အီရန်ရဲ့ရေနံနဲ့ ရေနံထွက်ပစ္စည်း တွေရဲ့ တင်ပို့ခွင့်အတွက် ကင်းလွတ်ခွင့်တွေ ထုတ်ပေးမှာဖြစ်ပြီး အမေရိကန်ပိတ်ဆို့ထိန်းသိမ်းထားတဲ့ အီရန်ရဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည်အသုံးပြုခွင့်ပေးမှာဖြစ်ကာ အဲဒီငွေတွေကို အီရန်ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အကျိုးခံစားခွင့်ရှိသူတွေဆီ လွှဲပြောင်းပေးမှာဖြစ်ပါတယ်။

.

MOU နဲ့ နောက်ဆုံး သဘောတူညီချက်တွေကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက် စောင့်ကြည့်မယ့် အုပ်ချုပ်ရေးအဖွဲ့တစ်ခုကို တည်ထောင်မှာဖြစ်ပြီး နောက်ဆုံးသဘောတူညီချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်နဲ့ အတည်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။

.

Source – CNN

.

No comments:

Post a Comment

Pages