.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်
.
မြန်မာလူငယ်လိဂ်ဖြစ်တဲ့ MNL U20 လိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ ရှမ်းယူနိုက်တက် လူငယ်အသင်းကတော့
ဒီတစ်ပတ်မှာ အမှတ်ပေးဇယား အဆင့် ၈ က သစ္စာအားမာန်အသင်းနဲ့ ရင်ဆိုင်ရမှာမို့
နိုင်ပွဲဆက်ဦးမယ့် အနေအထားပါပဲ။
.
.မြန်မာလူငယ်လိဂ် ပွဲစဉ် ၄ ပွဲကစားပြီးချိန်မှာ
ရှမ်းယူနိုက်တက်က ၃ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ
ဦးဆောင်နေတာဖြစ်ပြီး ပြင်းထန်တဲ့ပြိုင်ဖက် ရန်ကုန်ယူနိုက်တက်နဲ့ အမှတ်တူ
ဖြစ်နေခဲ့တာပါ။
.
ရှမ်းယူနိုက်တက် လူငယ်အသင်းအနေနဲ့
အဖွင့်ပွဲစဉ်မှာ ဖယ်လ်ကွန်ကို ၁-၁ နဲ့ သရေကျခဲ့ပြီးတဲ့နောက် ချင်းလန်းအသင်းကို ၁-၃
နဲ့ အနိုင်၊ ဟံသာဝတီအသင်းကို ၀-၃ နဲ့ နိုင်ခဲ့သလို နောက်ဆုံးပွဲမှာလည်း
စစ်ကိုင်းအသင်းကို ၅-၀ ဆိုတဲ့ ရလာဒ်နဲ့ နိုင်ခဲ့တာပါ။
.
သရေပွဲပြီးသွားကတည်းက ပွဲတိုင်းလိုလို ၃
ဂိုးနဲ့အထက် ရနေတဲ့ ရှမ်းယူနိုက်တက် တိုက်စစ်ပိုင်းကို ပေးဂိုး မြင့်နေတဲ့
သစ္စာအားမာန်အသင်း ဘယ်လောက်အထိ ကာကွယ်နိုင်မလဲဆိုတာကိုတော့ မနက်ဖြန် ညနေ ၃ နာရီခွဲ
အချိန်မှာ ကြည့်ရှုရမှာဖြစ်ပြီး MNL Youth League ရဲ့ Youtube
မှာ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမှာလည်း ဖြစ်ပါတယ်။
.

No comments:
Post a Comment