.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်
.
မနေ့ညက ကစားခဲ့တဲ့ ကွန်ဂိုနဲ့ ပွဲစဉ်မှာ
ရော်နယ်ဒိုတစ်ယောက် ခြေစွမ်းမပြနိုင်ခဲ့ပေမဲ့လည်း ကမ္ဘာ့ဖလားနဲ့ ပတ်သက်တဲ့
စံချိန်မှတ်တမ်းတစ်ခုကိုတော့ ရရှိသွားခဲ့ပါတယ်။
.
.
အသက် ၄၁ နှစ်နဲ့ ၁၃၂ ရက်ရှိပြီဖြစ်တဲ့
ရော်နယ်ဒိုက ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ပါဝင်ကစားခဲ့ပြီးတဲ့ နောက်
သမိုင်းတစ်လျှောက် ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တဲ့ အသက်အကြီးဆုံး ကွင်းလယ်၊ တိုက်စစ်
ကစားသမား အဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။
.
ရော်နယ်ဒိုက ကနေဒါကွင်းလယ်လူဖြစ်တဲ့
ဟတ်ချင်ဆန်ရဲ့ အသက်အကြီးဆုံးစံချိန်ကို ဖြတ်ကျော်နိုင်ခဲ့တာ ဖြစ်ပြီး ဟတ်ချင်ဆန်က
၂၀၂၂ ကမ္ဘာ့ဖလားမှာ ပွဲထွက်ကစားခဲ့တဲ့ အသက်အကြီးဆုံး ကွင်းလယ်လူဖြစ်ခဲ့ပြီး
အဲဒီတုန်းက ဟတ်ချင်ဆန်ရဲ့ အသက်က ၃၉ နှစ်နဲ့ ၂၉၂ ရက် ရှိခဲ့တာပါ။
.
အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့
ရော်နယ်ဒိုအတွက်တော့ ဒီကမ္ဘာ့ဖလားကသူ့ရဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားဖြစ်ပြီး
အဲဒီအောင်မြင်မှုကို ဂုဏ်ပြုတဲ့ အထူးအမှတ်တံဆိပ်ကိုလည်း သူ့ရဲ့ဂျာစီမှာ
တပ်ဆင်ခွင့် ရခဲ့တာပါ။
.
ရော်နယ်ဒိုအတွက်တော့ ကွန်ဂိုနဲ့ပွဲဟာ
နိုင်ငံအသင်းအတွက် ၂၂၉ ပွဲမြောက် ပါဝင်ကစားခြင်းဖြစ်ခဲ့ပြီး လက်ရှိအချိန်အထိ
နိုင်ငံတကာသွင်းဂိုး ၁၄၃ ဂိုးရှိထားကာ ယူရို ၂၀၁၆ ချန်ပီယံဆုကို
ရရှိထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
.
ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက်မှာတော့
ရော်နယ်ဒိုထက် အသက်ကြီးတဲ့ ကစားသမား ၃ ဦး ပါဝင် ကစားခဲ့ဖူးတာပါ။
.
ပထမဆုံးကတော့ အီဂျစ်ဂိုးသမား အယ်လ်ဟာဒရီ
ဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ အသက် ၄၅ နှစ်၊ ၁၆၁ ရက်နဲ့ အသက်အကြီးဆုံးစံချိန်
တင်ထားတာပါ။
.
ဒုတိယကတော့ ကိုလံဘီယာဂိုးသမား
မွန်ဒရက်ဂွန်ဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားမှာ အသက် ၄၃ နှစ် ၃ ရက် အရွယ်နဲ့ အရန်ခုံကနေ
ဝင်ကစားခဲ့တာဖြစ်ပါတယ်။
.
တတိယနေရာမှာတော့ ကင်မရွန်းကွင်းလယ်လူ
ရော်ဂျာမီလာ ရှိနေပြီး သူက ၁၉၉၄ ကမ္ဘာ့ဖလားမှာ အသက် ၄၂ နှစ်၊ ၃၉ ရက် အရွယ်နဲ့
ဝင်ရောက်ကစားခဲ့တာပါ။ သူက ရော်နယ်ဒိုထက် အသက်ကြီးတဲ့ ကွင်းလယ်လူ ဖြစ်ခဲ့ပေမဲ့လည်း
အရန်ခုံကနေ ဝင်ရောက်ကစားခဲ့ရတာဖြစ်တာကြောင့် အသက်အကြီးဆုံး ပွဲထွက် ကစားသမားအဖြစ်
မှတ်တမ်းဝင်နိုင်ခြင်းမရှိခဲ့တာပဲ ဖြစ်ပါတယ်။
.
Source – TheSun
.

No comments:
Post a Comment