.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ မြို့မဈေးအနီးတွင်
ယမန်နေ့ ဇွန်လ ၁၆ ရက်၊ နေ့လယ်ပိုင်းက နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီးတစ်ဦး
ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
.
.တောင်ကြီးမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည်
ယမန်နေ့ ဇွန်လ ၁၆ ရက်၊ နေ့လယ် ၁၂ နာရီခန့်က တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ စဝ်စံထွန်းလမ်းနှင့်
ကုန်သည်လမ်းထောင့်တွင် တရားမဝင် နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစား ပြုလုပ်နေကြောင်း
သတင်းအရ ကုန်သည်လမ်းမှ စဝ်စံထွန်းသို့ မသင်္ကာဖွယ် လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦးအား
တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသမီးအား သက်သေများရှေ့တွင် အမျိုးသမီးရဲမေမှ
စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ နှစ်လုံး၊ သုံးလုံးလောင်း
ကစားပြုလုပ်ရာမှ ရရှိသည့် ငွေစက္ကူရောရာ ၁၃၀၀၀၀ ကျပ်နှင့်အတူ နှစ်လုံးထီ၊ သုံးလုံးထီ
လောင်းကစားပြုလုပ်ထားသည့် မှတ်တမ်းစာရွက်များအား ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
သို့ဖြစ်၍ နှစ်လုံး/သုံးလုံးထီ
လောင်းကစား ပြုလုပ်သူ အမျိုးသမီးအား တောင်ကြီးမြို့မရဲစခန်းတွင် လောင်းကစားဥပဒေဖြင့်
အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment