.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊
နားဘောင်ကျေးရွာတွင် ဝါတွင်း ကာလ ဘောလုံးပြိုင်ပွဲကို လာမည့် ဇူလိုင်လ ၁၂ ရက်၌ စတင်ကျင်းပပြုလုပ်သွားမည်
ဖြစ်ကြေင်း သိရသည်။
.
.အဆိုပါ ဘောလုံးပွဲ ကျင်းပနိုင်ရေး အစည်းအဝေးကို
ယနေ့ ဇွန်လ ၁၇ ရက်က နားဘောင်ကျေးရွာ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများကို
ဇူလိုင်လ ၂ ရက်တွင် အုပ်စု မဲနှိုက်ရွေးချယ်ပြီး ပထမ ပွဲစဉ်ကို ဇူလိုင်လ ၁၂ ရက်တွင်
စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
“ပြီခဲ့တဲ့ နှစ်ကတော့ အကြီးတန်း၊ အငယ်တန်းဆိုပြီး
၂ ဆင့် ခွဲထားပါတယ်။ ဒီနှစ်တော့ အကြီး၊ အငယ် မခွဲဘဲ အလွတ်တန်းလုပ်မှာပါ။ ပြိုင်ပွဲစည်းကမ်းချက်
အနေနဲ့ လောလောဆယ် ချမှတ်ထားတာကတော့ Myanmar National League 1-2 က ၃ ယောက်အထိပဲ ဝင်ခွင့်ရှိမယ်လို့ သတ်မှတ်ထားပါတယ်” ဟု ဘောလုံးပွဲ ကျင်းပရေး
ကော်မတီဝင် တစ်ဦးက ပြောသည်။
.
ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်လိုသည့် အသင်းများအနေဖြင့်
ဝင်ကြေး ၃၀၀၀၀၀ ကျပ်၊ စပေါ်ငွေ စည်းကမ်း လိုက်နာကြေး ၁၀၀၀၀၀ ကျပ်နှင့် ဝါနီဘုတ်လံ၊
ဂိုးဘုတ်များအတွက် ၁၀၀၀၀၀ ကျပ် ပေးသွင်းရမည် ဖြစ်ပြီး စည်းကမ်းလိုက်နာကြေး ၁၀၀၀၀၀ ကျပ်မှာ
ပွဲကျင်းပသည့်နေ့တွင် သတ်မှတ်စည်းကမ်းလိုက်နာပါက ပြန်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ပြိုင်ပွဲဆုကြေးအဖြစ် ပထမဆု သိန်း ၆၀ နှင့် ဒုတိယဆု
သိန်း ၄၀ ကျပ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲ ကျင်းပမည့်ရက်ကို
အတိအကျ မသိရှိရသေးဘဲ ဝါတွင်းကာလတစ်လျှောက်လုံး နားဘောင်ဈေးနေ့ တိုင်း ကျင်းပခြင်းဖြစ်သည့်အတွက်
သီတင်းကျွတ်ကာလမှသာ ဗိုလ်လုပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ နားဘောင်ကျေးရွာ ဝါတွင်းကာလ ဘောလုံးပြိုင်ပွဲကို
နှစ်စဉ် ကျင်းပလာသည်မှာ ယခုနှစ်တွင် ၈ ကြိမ်မြောက် ရှိပြီဖြစ်ပြီး COVID-19
ကပ်ရောဂါကာလနှင့် နိုင်ငံရေး မတည်ငြိမ်မှု အခြေအနေများကြောင့် ၂ နှစ်
ရပ်နားခဲ့ရဖူးကြောင်း သိရသည်။
.

No comments:
Post a Comment