.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင်
ယနေ့ ဇွန်လ ၁၇ ရက်၊ နေ့လယ်ပိုင်းက ဇနီးဖြစ်သူက ဓားဖြင့်ထိုးရာမှ ခင်ပွန်း သေဆုံးမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်နေ အမျိုးသားတစ်ဦးသည်
ယနေ့ ဇွန်လ ၁၇ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က အိမ်နီးချင်း၏ နေအိမ်ပေါ်တွင် ရှိနေခိုက်
ဇနီးဖြစ်သူ မရတနာမိုး ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦး၏ လသားအရွယ် ကလေးကိစ္စ စကားများရန်ဖြစ်ရာမှ
မရတနာမိုးက ခင်ပွန်းဖြစ်သူအား မီးဖိုချောင်သုံး စတီး ဓားဦးချွန်ဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ယင်းကဲ့သို့ ဓားထိုးခံရမှုကြောင့် ဒဏ်ရာရရှိသူ အမျိုးသားအား
ကလောမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှု ပေးနေစဉ် နေ့လယ် ၁ နာရီခွဲခန့်တွင်
သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ခင်ပွန်းဖြစ်သူအား အသက်သေဆုံးအောင် ဓားဖြင့်
ထိုးခဲ့သူ မရတနာမိုး အား အောင်ပန်းနယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment