ရှမ်းတောင်ဒေသထွက် ခရမ်းချဉ်သီး ဈေးကွက် အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်နေရပြီး တောင်သူများ အရှုံးပေါ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, June 17, 2026

ရှမ်းတောင်ဒေသထွက် ခရမ်းချဉ်သီး ဈေးကွက် အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်နေရပြီး တောင်သူများ အရှုံးပေါ်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်

.

ရှမ်းတောင်ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက် အဆိုးရွားဆုံးအခြေအနေနှင့် ရင်ဆိုင်နေရပြီး တောင်သူ များ အရှုံးပေါ်နေရသည်ဟု သိရသည်။

.

.

ခရမ်းချဉ်သီး ဈေးနှုန်းမှာ ဆက်တိုက်ကျဆင်းနေသည့်အပြင် ဝယ်လက် မရှိသလောက် ဖြစ်နေသည့်အတွက် အရောင်းအဝယ် ပါးနေပြီး ကုန်သည်ရော၊ တောင်သူပါ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု အောင်ပန်း ဈေးကွက်မှ သိရသည်။

.

လက်ရှိ အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်တွင် ရှမ်းတောင်ဒေသထွက် ခရမ်းချဉ်သီး အစိမ်း တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ခန့်နှင့် အမှည့် တစ်ပိဿာလျှင် အနည်းဆုံး ၂၀၀/၃၀၀ ကျပ်မှ အများဆုံး ၅၀၀ ကျပ် ခန့်သာ ပေါက်ဈေးရှိနေသည်ဟု သိရသည်။

.

“ခရမ်းချဉ်က မိုးရာသီဆိုရင် နှစ်စဉ် ဒီလို (ဈေးကျတာ) ကြုံရပါတယ်။ ၃ နှစ်လောက် ရှိပါပြီ။ ပြည်တွင်းကို ပိုင်ပိုင်နိုင်နိုင် မဖြန့်နိုင်တာက အရေးအကြီးဆုံးပါပဲ။ တန်ဆာခ မြင့်တာ၊ ဂိတ်ကြေးမြင့်တာတို့၊ နယ်မြေ မအေးချမ်းတာတို့ကြောင့် ကောင်းကောင်း မဖြန့်နိုင်တာ ၃/၄ နှစ် ရှိပါပြီ” ဟု အောင်ပန်းမြို့၊ Shan State Trade Center မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

ခရမ်းချဉ်သီးများကို အဓိက တင်ပို့ရာဒေသဖြစ်သည့် ရခိုင်၊ ကယား၊ မန္တလေး၊ မြစ်ကြီးနား၊ ဗန်းမော်၊ လောက်ကိုင်တို့ကို ခရမ်ချဉ်သီး ဖြန့်ဖြူပေးနိုင်ခြင်း မရှိသည့်အပြင် ခရမ်းချဉ်ဆော့စ် ထုတ်လုပ်သည့် နည်းပညာနှင့် စက်ရုံ မရှိသည့်အတွက် ရောင်းမကုန်သည့် ခရမ်းချဉ်သီးများကို လွှင့်ပစ်နေရဆဲ ဖြစ်သည်ဟု ၎င်းထံက သိရသည်။

.

“အလုံးအလှပေါ် မူတည်ပြီးတော့ ၅၀၀ ကနေ ၇၀၀ လောက်အထိပဲ ရတယ်။ ပိုးသတ်ဆေးနဲ့ တခြား စိုက်ပျိုး ကုန်ကျစရိတ်တွေ၊ ကားခတွေ ပြန်တွက်ရင် အများကြီး ရှုံးပါတယ်” ဟု ခရမ်းချဉ်သီးစိုက် တောင်သူတစ်ဦးက လည်း ပြောဆိုခဲ့သည်။

.

ပြည်မဒေသတွင် စိုက်ပျိုးသည့် ခရမ်းချဉ်သီးမှာ နှစ်စဉ် ၃ လပိုင်းခန့်တွင် ထွက်ရှိပြီး ရှမ်းတောင်ဒေသထွက် ခရမ်းချဉ်မှာ ၅ လပိုင်းခန့်တွက် ထွက်ရှိသည့်အတွက် နှစ်ခု ဆုံနေပြီး ဈေးကွက်မရရှိခြင်းဖြစ်ကာ ပြည်မ ခရမ်းချဉ် မထွက်မီ ဆောင်းရာသီကာလ ၁၁ လပိုင်းမှ ၂ လပိုင်းအတွင်း ရှမ်းတောင်ဒေသထွက် ခရမ်းချဉ် ဈေးကောင်းရနိုင်ကြောင်း သိရသည်။

.

ခရမ်းချဉ်ကို ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသအတွင်း ရေပေါ်ကျွန်းမျောများ ဖြင့် စိုက်ပျိုးခြင်းအပြင် ပင်းတယမြို့နယ်နှင့် အနီးဝန်းကျင် ဒေသများတွင် ရေခြံသီးနှံအဖြစ် ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးကြပြီး အောင်ပန်းမြို့မှတစ်ဆင့် ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံ အရပ်ရပ်သို့ တင်ပို့ ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages