ဂျော်ဒန်ကို သက်သောင့်သက်သာ အနိုင်ယူပြီး ၃ မှတ်ရသွားတဲ့ ဩစတြီးယား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, June 17, 2026

ဂျော်ဒန်ကို သက်သောင့်သက်သာ အနိုင်ယူပြီး ၃ မှတ်ရသွားတဲ့ ဩစတြီးယား

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်

.

ဒီနေ့ မနက် ၁၀-၃၀ မှာ ကစားခဲ့ကြတဲ့ ဩစတြီးယားနဲ့ ဂျော်ဒန်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ ဩစတြီးယားက ဂျော်ဒန်ကို ၃-၁ နဲ့အနိုင်ယူပြီး အနိုင် ၃ မှတ် ရရှိသွားခဲ့ပါတယ်။

.

.

ဩစတြီးယားက ဒီပွဲမှာ အဓိက ကစားသမားတချို့ကို အနားပေးထားခဲ့ပြီး တိုက်စစ်မှူး အနော်တိုဗစ်၊ ခံစစ်က ဝင်မာနဲ့ ဒန်ဆို တို့ အရန်ခုံ ထိုင်ခဲ့ရတာပါ။

.

ပွဲအစပိုင်းမှာ ဩစတြီးယားက ကွင်းတစ်ဝက်လောက် ဖိကစားနေခဲ့ပြီး ဂျော်ဒန်ကတော့ တန်ပြန်တိုက်စစ် တွေကနေ ဂိုးရဖို့ ကြိုးစားခဲ့တာပါ။

.

ပွဲချိန် ၁၆ မိနစ်မှာ ဂျော်ဒန်ရဲ့ကျောနံပတ် ၁၁ ကန်ချက်ကို ဩစတြီးယားဂိုးသမား ကာကွယ်နိုင်ခဲ့လို့ ဂျော်ဒန်တို့ ဦးဆောင်ဂိုးနဲ့ လွဲသွားခဲ့ရတယ်။

.

ပွဲချိန် မိနစ် ၂၀ မှာတော့ ဩစတြီးယားက အဖွင့်ဂိုးရသွားခဲ့ပြီး ရိုမာနို ရှမစ်က ဂျော်ဒန်ဂိုးဧရိယာအပြင်ကနေ အပြင်း ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

.

အနော်တိုဗစ်နေရာမှာ ဝင်ကစားတဲ့ တိုက်စစ်မှူး ကာလက်ဇစ် အနည်းငယ်နှေးနေတာကြောင့် ဩစတြီးယား တိုက်စစ်က အခွင့်အရေးကောင်းတွေ သိပ်မရခဲ့ဘဲ ပထမပိုင်းမှာ တိုက်စစ်ဆင်မှုတွေကသိပ်ပြီး အရာမထင် ခဲ့ပါဘူး။

.

ပွဲချိန် ဒုတိယပိုင်းမှာတော့ ဂျော်ဒန်က မထင်မှတ်ဘဲ ချေပဂိုးရသွားခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာ အိုလ်ဝမ် က သွင်းယူပေးသွားခဲ့တာပါ။

.

ချေပဂိုးပေးလိုက်ရပြီးတဲ့နောက် ဩစတြီးယား က ဒန်ဆို၊ ချုဝီမီကာ၊ ဝင်မာ၊ အနော်တိုဗစ် တို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့သလို ဂျော်ဒန်ဖက်ကို တချိန်လုံး ဖိအားပေးနေခဲ့တာပါ။

.

ပွဲချိန် ၆၉ မှာ အနော်တိုဗစ်ဂိုးသွင်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခဲ့လို့ ဩစတြီးယားတို့ နစ်နာခဲ့ရပါတယ်။

.

ပွဲချိန် ၇၆ မိနစ်မှာတော့ ဂျော်ဒန်ကစားသမား အလာရက် ကိုယ့်ဂိုးကိုယ်သွင်းခဲ့မိလို့ ဩစတြီးယားက ပြန်လည် ဦးဆောင်သွားနိုင်ခဲ့တာပါ။

.

ဒီပွဲက နာကျင်အချိန်ပိုအဖြစ် ၁၀ မိနစ်တောင် ပေးခဲ့ပြီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ဩစတြီးယား ပင်နယ်တီရခဲ့သလို၊ အဲဒီပင်နယ်တီကို အနော်တိုဗစ်က ကန်သွင်းသွားခဲ့လို့ ပွဲအပြီးမှာ ဩစတြီးယားက ၃-၁ နဲ့ နိုင်သွားခဲ့တာဖြစ်ပါတယ်။

.

တစ်ဖက်မှာလည်း အုပ်စုတွင်းပြိုင်ဖက် အာဂျင်တီးနားက အယ်လ်ဂျီးရီးယား ကို နိုင်ပြီး ၃ မှတ်ရသွားခဲ့ပြီ ဖြစ်တာမို့ ဩစတြီးယားအနေနဲ့ အုပ်စုပထမနေရာအတွက် အာဂျင်တီးနားနဲ့ အကြိတ် အနယ်ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages