မနေ့ညက ကစားခဲ့တဲ့ ၃၂ သင်း ရှုံးထွက်အဆင့် ပထမဆုံးပွဲစဉ် ဖြစ်တဲ့ တောင်အာဖရိက နဲ့ ကနေဒါအသင်းတို့ ပွဲမှာတော့ ကနေဒါက ကွင်းလယ်လူ အူစတာကီယို ရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးနဲ့အတူ ၁-၀ နဲ့အနိုင် ရပြီး ကွာတားဖိုင်နယ် အဆင့်ဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
.
နှစ်သင်းစလုံးက သူတို့ရဲ့ အကောင်းဆုံး လူစာရင်းတွေကို
ပွဲထုတ်ခဲ့ပြီး ကနေဒါမှာ ဂျိုနသန်ဒေးဗစ်၊ ဘူချာနန်၊ အူစတာကီယို တို့ ပါဝင်ခဲ့သလို
တောင်အာဖရိကမှာလည်း မာဆီကို၊ မိုဖိုကန်၊ အော့စ်ဝင် တို့က ဦးဆောင် ကစားခဲ့တာပါ။
.
ဘောလုံး ပိုင်ဆိုင်မှုပိုင်းမှာ တောင်အာဖရိကတို့ အသာ ရခဲ့ပေမယ့်
ကနေဒါ ခံစစ်ကို တိုးလို့ မရခဲ့ဘဲ တစ်ပွဲလုံးမှာ တစ်ကြိမ်ပဲ
ဂိုးပေါက် တည့်ခဲ့တာပါ။ ကနေဒါ ကတော့ ဘောလုံး ရတာနဲ့ ကွင်းလယ်မှာ ဝေ့နေဖို့ထက်
တိုက်စစ်တန်းကစားတဲ့ပုံစံကို အသုံးပြုခဲ့ပြီး တစ်ပွဲလုံးမှာ ဂိုးကန်သွင်းခွင့် ၁၂
ကြိမ်အထိရခဲ့သလို ဂိုးပေါက်တည့်မှု ၇ ကြိမ်အထိ ရှိခဲ့တာပါ။
.
ပထမပိုင်း ပွဲချိန် ၁၅ မိနစ်လောက်အထိပဲ တောင်အာဖရိက က ပွဲကို
စိုးမိုး ကစားနိုင်ခဲ့ပြီး နောက်ပိုင်း မိနစ်တွေမှာတော့ အပြန်အလှန် တုံ့ပြန်လာတဲ့
ကနေဒါကြောင့် ခံစစ်မှာ အချိန် ကုန်နေခဲ့ရတာပါ။
.
ဒီပွဲမှာ တောင်အာဖရိက ဂိုးသမား ရွန်ဝမ်နဲ့ ခံစစ်ကစားသမားတွေ
တော်တော် ကောင်းခဲ့ကြလို့ ကနေဒါတို့ ဒီထက် ပို ဂိုးမပြတ်တာ ဖြစ်သလို ဂိုး စောစောရမယ့်
အခွင့်အရေးတွေကိုလည်း အကြိမ်ကြိမ် လက်လွှတ်ခဲ့ရတာပါ။ ပွဲချိန် ၄၄ မိနစ်မှာ
ဘူချာနန်ရဲ့ ကန်သွင်းချက်၊ ပွဲချိန် ၆၅ မိနစ်မှာ တာနီရဲ့ ကန်ချက်တွေက
ကနေဒါအသင်းကို ဂိုးရလု နီးပါး ဖြစ်စေခဲ့ပြီး ရွန်ဝမ် ကာကွယ်နိုင်ခဲ့လို့ ဂိုး မပေးခဲ့ရတာပါ။
.
ပွဲချိန် ၇၅ မိနစ်မှာတော့ ဘူချာနန် အစား အယ်လ်ဖွန်ဆိုဒေးဗီး
ဝင်လာခဲ့လို့ ကနေဒါကစားပုံ ပို သွက်လာခဲ့ပေမယ့် ဂိုး ရဖို့တော့ ရုန်းကန်နေရတာပါ။
နာကျင်အချိန်ပိုအထိ ဂိုး မသွင်းနိုင်တာကြောင့် အချိန်ပို ကစားရတော့မယ်လို့
ထင်ခဲ့ကြပေမယ့် ၉၀+၂ မိနစ်မှာ ကနေဒါရဲ့ ကျောနံပတ် ၇ အူစတာကီယို က တောင်အာဖရိက
ခံစစ်ကနေ ဖျက်ထုတ်လိုက်တဲ့ ဘောလုံးကို ဂိုးဧရိယာ အစပ်နားမှာ တစ်ချက် ထိန်းပြီး
ဂိုးသမားရဲ့ ညာဖက်ထောင့်ထဲကို ကန်သွားခဲ့တာမို့ ကနေဒါအသင်း ပွဲအပြီးမှာ ၁-၀ ဆိုတဲ့
ရလာဒ်နဲ့ နိုင်ပြီး နောက်တစ်ဆင့်ကို တက်သွားခဲ့တာ ဖြစ်ပါတယ်။
.
#KBBZTai #Shan #Sports #Football #WC2026

No comments:
Post a Comment