.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယမန်နေ့
ဇွန်လ ၂၈ ရက်၊ ညနေပိုင်းက စလော့လောင်းကစားဂိမ်း ဆော့သူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.
.တောင်ကြီးနယ်မြေရဲစခန်း တပ်ဖွဲ့ဝင်များသည် ယမန်နေ့
ဇွန်လ ၂၈ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပါမိုးနဲရေကန်ဘောင်ပေါ်တွင်
လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးအား စစ်ဆေးရာ ၎င်း ကိုင်ဆောင်သည့် ဖုန်းအတွင်းမှ တရားမဝင်
စလော့လောင်းကစားဂိမ်းအား ငွေသွင်း၊ ငွေထုတ် ပြုလုပ်၍ ဆော့ကစားလျက်ရှိကြောင်း တွေ့ရှိရသဖြင့်
ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသားအား တောင်ကြီးနယ်မြေရဲစခန်းတွင်
လောင်းကစားဥပဒေ ပုဒ်မ ၁၅ (က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ယင်းကဲ့သို့ လက်ကိုင်ဖုန်းအတွင်း အပျော်တမ်း စလောဂိမ်းကစားသူများကို
ဖမ်းဆီးနေသော်လည်း လောင်ကစားဒိုင်ကြီးများနှင့် အဓိက ရင်းမြစ်များကို ဖမ်းဆီးမှုမရှိသည့်အတွက်
ဒေသခံများအကြား ဝေဖန်မှု များလည်း ရှိနေသည်။
.

No comments:
Post a Comment