တောင်ကြီးတွင် ကျပ်သိန်း ၅၀၀ နီးပါး တန်ဖိုးရှိ ရွှေထည်နှင့် ငွေသားများ ဖောက်ထွင်းခိုးယူခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 29, 2026

တောင်ကြီးတွင် ကျပ်သိန်း ၅၀၀ နီးပါး တန်ဖိုးရှိ ရွှေထည်နှင့် ငွေသားများ ဖောက်ထွင်းခိုးယူခံရ


ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က ငွေကျပ် သိန်း ၅၀၀ နီးပါး တန်ဖိုးရှိ ရွှေထည်ပစ္စည်းများနှင့် ငွေသားများ ဖောက်ထွင်း ခိုးယူခံရမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

.
တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်နေ အမျိုးသမီး တစ်ဦးသည် ဇွန်လ ၂၇ ရက်က တူမ ဖြစ်သူနှင့်အတူ တောင်ကြီးမြို့မဈေးသို့ သွားရောက်ခဲ့ပြီးနောက် ညနေပိုင်း နေအိမ်သို့ ပြန်ရောက်ချိန်တွင် နေအိမ် အိပ်ခန်း အတွင်းရှိ သံသေတ္တာအတွင်း သိမ်းဆည်းထားသော ငွေကျပ် ၄၅၇၆၂၅၀၀ တန်ဖိုးရှိ ရွှေထည် ပစ္စည်းမျိုးစုံနှင့် ငွေကျပ် သိန်း ၄၀ တို့ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ခိုးယူခံရမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းတွင် (ပ) ၁၁၃၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ပြီးခဲ့သည့် မေလ ၃၀ ရက်၊ ညနေပိုင်းကလည်း တောင်ကြီးမြို့ တောင်ဘက်အထွက် ၂ မိုင်၊ ပန်းချယ်ရီ အိမ်ရာစီမံကိန်းအနီးဘုန်းကြီးကျောင်းလမ်းတွင် အမျိုးသမီးတစ်ဦးသည် ကလေးငယ်နှင့် အတူ မုန့်ဝယ်ပြီးအပြန် ရှုခင်းကြည့်ရန် သွားရောက်စဉ် အမည်မသိ အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး တစ်ဦးက ဓားဖြင့်ထောက်ကာ ဆိုင်ကယ်နှင့် ဖုန်းကို လုယူခံရမှု ဖြစ်ပွားခဲ့သေးသည်။

.
တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ ကျိုင်းတုံ၊ လားရှိုးနှင့် မြို့နယ် အချို့တွင် ဆိုင်ကယ် ခိုးယူမှု၊ နေအိမ် ဖောက်ထွင်းခိုးယူမှု၊ လုယက်မှု စသည့် ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိမှု နည်းပါးသည့် အတွက် ဒေသခံ ပြည်သူများ၏ ပြစ်တင် ဝေဖန်မှုများ ထွက်ပေါ်နေလျက် ရှိသည်။

.
#KBZTai #Shan #Taunggyi

No comments:

Post a Comment

Pages