ထိုင်းမှာ ပြောင်းရွှေ့အမိန့်ကို မကျေနပ်လို့ စစ်ဗိုလ်က ဗိုလ်မှူးကြီးကို သေနတ်နဲ့ပစ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, June 17, 2026

ထိုင်းမှာ ပြောင်းရွှေ့အမိန့်ကို မကျေနပ်လို့ စစ်ဗိုလ်က ဗိုလ်မှူးကြီးကို သေနတ်နဲ့ပစ်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်

.

ထိုင်းနိုင်ငံ၊ ကာလာဆင်ခရိုင် အစိုးရရုံးမှာ ဒီနေ့မနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးကြီး တစ်ယောက် သေဆုံးသွားခဲ့ရပါတယ်။

.

.

ဒီအဖြစ်အပျက်က ရာထူးပြောင်းရွှေ့အမိန့်ကြောင့် ဖြစ်ခဲ့ပြီး နယ်မြေအပြောင်းခံရတဲ့ စစ်ဗိုလ်က ခရိုင် စစ်မှုထမ်း ရွေးချယ်ရေးဌာန အကြီးအကဲဖြစ်တဲ့ ဗိုလ်မှူးကြီးကို သေနတ်နဲ့ပစ်ခဲ့တာပါ။

.

ဒီပစ်ခတ်မှုက ကာလာဆင် ရုံးအဆောက်အအုံရဲ့ စတုတ္ထထပ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သံတွေကြောင့် အစိုးရဝန်ထမ်းတွေနဲ့ ရုံးကို ရောက်ရှိလာသူတွေ အထိတ်တလန့်ဖြစ်ခဲ့ရတာပါ။

.

အာဏာပိုင်တွေရဲ့ ပြောပြချက်အရတော့ ပစ်ခတ်သူကို အခင်းဖြစ်တဲ့နေရာမှာပဲ ဖမ်းဆီးနိုင်ခဲ့ပြီး ပစ်ခတ် ရာမှာ အသုံးပြုခဲ့တဲ့ သေနတ်ကိုလည်း သိမ်းဆည်းရမိခဲ့တာပါ။

.

ဇွန်လ ၁၇ ရက်၊ မနက် ၉ နာရီခွဲအချိန်လောက်မှာ ကာလာဆင်ခရိုင်ရုံး စတုတ္ထထပ်ကနေ သေနတ်ပစ်သံ အများအပြား ကြားခဲ့ရတာကြောင့် ခရိုင်ရဲတပ်ဖွဲ့က အမြန်လာရောက်ခဲ့ကြတာပါ။ ရဲတွေရောက်လာချိန် မှာတော့ စစ်မှုထမ်းရွေးချယ်ရေးဌာနရဲ့ အကြီးအကဲဖြစ်တဲ့ အသက် ၅၉ နှစ်အရွယ် ဗိုလ်မှူးကြီး ကွန်ဝီကာနွန် ကို ရုံးခန်းထဲမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

.

ပစ်ခတ်ခဲ့တဲ့သူက ကာလာဆင်ခရိုင် စစ်မှူထမ်းရွေးချယ်ရေးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုဗိုလ် ချင်နာကွန် ဖြစ်ပြီး အခင်းဖြစ်တဲ့နေရာမှာပဲ ရဲတပ်ဖွဲ့ဆီ အဖမ်းခံခဲ့တာပါ။

.

ကနဦးစစ်ဆေးမှုတွေအရတော့ ချင်နာကွန်က ကာမာနာဆိုင်ခရိုင်ရုံးကို ပြောင်းခိုင်းတဲ့ သူ့ရဲ့အမိန့်စာအပေါ် မကျေနပ်ခဲ့တာကြောင့် အထက်အရာရှိဆီ သွားရောက်ဆွေးနွေးရာကနေ အငြင်းပွားခဲ့ပြီးတဲ့နောက် သေနတ် ထုတ်ပစ်ခဲ့တာလို့ သိရတာပါ။

.

ရဲတပ်ဖွဲ့ကတော့ ပစ်ခတ်မှုရဲ့အကြောင်းရင်းမှန်ကို ဆက်လက် စစ်ဆေးနေကြောင်းနဲ့ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေနဲ့ အရေးယူသွားမှာ ဖြစ်တဲ့အကြောင်း ကြေညာထားပါတယ်။

.

ထိုင်းနိုင်ငံမှာတော့ အထက်အရာရှိကို သေနတ်နဲ့ပစ်တယ်ဆိုတာ ရှားပါးတဲ့ဖြစ်စဉ်ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ဂျကရာပတ် ဆိုတဲ့ တပ်ကြပ်ကြီးတစ်ယောက်က အိမ်ရာအကျိုးအမြတ်ကိစ္စ အငြင်းပွားမှုကနေ သူ့ရဲ့ အထက်အရာရှိကို သေနတ်နဲ့ပစ်ခဲ့တာက နောက်ဆုံးပါ။

.

အဲဒီတုန်းကတော့ တပ်ကြပ်ကြီးက သေနတ်ကို ကိုင်ဆောင်ပြီး ဆက်လက်ပစ်ခတ်မှုတွေ လုပ်ခဲ့တာကြောင့် လူ ၂၉ ဦး သေဆုံးခဲ့ရပြီး ထိုင်းနိုင်ငံတွင်းမှာ တော်တော်လေး နာမည်ကြီးသွားခဲ့ရဖူးတာပါ။

.

Source – Bangkok Post

.

No comments:

Post a Comment

Pages