လိန်းလီတွင် သိန်း ၉၀ ကျော် တန်ဖိုးရှိ ဘိန်း သယ်ဆောင်သည့် ဘုန်းကြီး ၂ ပါးနှင့် ယာဉ်မောင်းကို ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, July 3, 2026

လိန်းလီတွင် သိန်း ၉၀ ကျော် တန်ဖိုးရှိ ဘိန်း သယ်ဆောင်သည့် ဘုန်းကြီး ၂ ပါးနှင့် ယာဉ်မောင်းကို ဖမ်းမိ


ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာ အနီး၌ ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်၊ နေ့လယ်ပိုင်းက ငွေကျပ်သိန်း ၉၀ ကျော် တန်ဖိုးရှိ ဘိန်းများ သယ်ဆောင် မောင်းနှင်လာသည့် ဘုန်းကြီး ၂ ပါးနှင့် ယာဉ်မောင်း ဖြစ်သူကို ဖမ်းမိခဲ့ကြောင်း သိရသည်။

.

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ လိန်းလီကျေးရွာ အနီးစစ်ဆေးမှုများ ပြုလုပ်နေစဉ် ယာဉ်မောင်း ဖောင်းတို့ မောင်းနှင်ပြီး ဘုန်းကြီး ၂ ပါး လိုက်ပါ စီးနင်းလာသည့် မော်တော်ယာဉ်အား ရပ်တန့် ရှာဖွေရာ သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် ၇၃ ဒသမ ၆ သိန်း ဒေသကာလ တန်ဖိုးရှိ ဘိန်းစိမ်း အလေးချိန် ၁၈ ဒသမ ၄ ကီလိုငွေကျပ် ၂၅ ဒသမ ၂ သိန်း ဒေသကာလ တန်ဖိုးရှိ ဘိန်းဆီခဲ အလေးချိန် ၁ ဒသမ ၄ ကီလိုကို တွေ့ရှိ၍ သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဘိန်းစိမ်းဘိန်းဆီခဲများနှင့်အတူ ဖမ်းဆီးရမိသူများအား ပင်လောင်းမြို့နယ်၊ ဖိုကုန်း နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Pages