အနိုင် သေချာနေတဲ့ အာဂျင်တီးနားနဲ့ ဇူလိုင် ၃ ရက်အတွက် ကမ္ဘာ့ဖလား ခန့်မှန်းချက်များ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, July 3, 2026

အနိုင် သေချာနေတဲ့ အာဂျင်တီးနားနဲ့ ဇူလိုင် ၃ ရက်အတွက် ကမ္ဘာ့ဖလား ခန့်မှန်းချက်များ


ဩစတြေးလျ - အီဂျစ် (နံနက် ၁၂-၃၀)

.
ဩစတြေးလျက အုပ်စုပွဲမှာ တူရကီ ကို နိုင်ခဲ့တယ် ဆိုပေမယ့် ကျန်တဲ့ ပွဲတွေမှာ အသင်းရဲ့ စွမ်းဆောင်ရည်က ထင်သလောက် မဟုတ်ခဲ့ဘူး။ အမေရိကန်နဲ့ ပွဲမှာရော၊ ပါရာဂွေးနဲ့ ပွဲမှာပါ ဂိုးပေါက် ပျောက်ခဲ့တယ်။ အီဂျစ် ကလည်း လွယ်တဲ့အုပ်စုထဲမှာ ကျခဲ့လို့ နောက်တစ်ဆင့် တက်လာနိုင်တာ ဖြစ်ပြီး အီရန်ကို သရေကျခဲ့တဲ့ ပွဲက ခြေစွမ်းက အားရစရာ မရှိဘူး။
.
လူစာရင်းအရ ဆိုရင်တော့ ဆာလက်၊ မာမွတ်၊ အက်စ်ဟာ တို့ ပါတဲ့ အီဂျစ်က ဩစတြေးလျထက် ပို တောင့်တယ်။ ဒါပေမယ့် ခံစစ်မှာတော့ ဩစတြေးလျက ပို ကောင်းကောင်း ကစားတတ်ပြီး အီဂျစ်ထက် ခံစစ် ပိုမာတဲ့ သဘောမှာ ရှိတယ်။
.
အီဂျစ်ရဲ့ နောက်ထပ် ပြသနာတစ်ခုက အသင်းရဲ့ အားကိုးရတဲ့ တိုက်စစ် ကစားသမားတွေ ဂိုး ရဖို့ ရုန်းကန်နေရတာပဲ။ ဆာလက်ဆိုလည်း အုပ်စုပွဲမှာ တစ်ဂိုးပဲ ရခဲ့တယ်။ မာမွတ် ဆိုရင် တစ်ဂိုးမှတောင် မသွင်းနိုင်သေးဘူး။ ဒီလို ရုန်းကန်နေရပုံမျိုးနဲ့တော့ ခံစစ်မာတဲ့ ဩစတြေးလျ ကို ကစားရ ခက်သွားနိုင်တယ်။
.
ပွဲချိန် မိနစ် ၉၀ မှာ ဩစတြေးလျကို အီဂျစ်တို့ နိုင်ဖို့ ခက်မယ်လို့ ထင်မိတယ်။
.
အာဂျင်တီးနား - ကိပ်ဗာဒီ (နံနက် ၄-၃၀)
.
တကယ်တော့ ဒီပွဲက ဘာမှ ပြောနေစရာတောင် မလိုဘူး။ ကိပ်ဗာဒီ အနေနဲ့ ဒီအဆင့်ကို ရောက်လာခဲ့တာကပဲ အကြီးအကျယ် အောင်မြင်မှု ဖြစ်နေပြီမို့ အာဂျင်တီးနားကို ရှုံးခဲ့ရင်တောင် သူရဲကောင်း အနေနဲ့ အိမ်ပြန်ရမှာပဲ။ ဘောလုံးမှာ မဖြစ်နိုင်တာ ဘာမှ မရှိဘူး၊ ပွဲပြီးမှ သိမယ်ဆိုတဲ့ သူတွေလည်း ဒီပွဲမှာတော့ အာဂျင်တီးနားကို ကိပ်ဗာဒီ ဘယ်လိုမှ မနိုင် နိုင်ဘူးဆိုတာ လက်ခံထားရမယ်။
.
အုပ်စုပွဲစဉ် ၃ ပွဲမှာ တစ်ပွဲကို အနိမ့်ဆုံး ၂ ဂိုး ရခဲ့တဲ့ အာဂျင်တီးနားက ကိပ်ဗာဒီထက် အဆင့်မြင့်တဲ့ ဩစတြီးယား၊ အယ်လ်ဂျီးရီးယားလို အသင်းမျိုးတွေကိုတောင် ဂိုးပြတ် ကျိတ်လာခဲ့တာ။ ပြီးတော့ ဒီပွဲမှာ မက်ဆီကလည်း ပွဲထွက် လူစာရင်းအနေနဲ့ ပါလာမှာ။ ကိပ်ဗာဒီတို့ နောက်တစ်ဆင့် တက်ခဲ့ရတယ်ဆိုတာက စပိန်က လွဲရင် ဥရုဂွေး၊ ဆော်ဒီတို့လို တိုက်စစ် ညံ့တဲ့ အသင်းတွေနဲ့ တိုးခဲ့လို့ပဲ။ အာဂျင်တီးနားကတော့ အဲဒီ အသင်းတွေလို မဟုတ်ဘူး။ မက်ဆီကလည်း စံချိန်တွေ ထပ်တင်ဖို့ ဂိုးယူမှာ ဖြစ်သလို အသင်းဖော်တွေကလည်း မက်ဆီ အတွက် ဂိုး ဖန်ပေးကြမှာပဲ။ ဒီပွဲက အာဂျင်တီးနား ဂိုးပြတ်နိုင်မယ့် ပွဲပဲ ဖြစ်ပြီး ကိပ်ဗာဒီအတွက် မျှော်လင့်ချက် လုံးဝ မရှိတဲ့ ပွဲမျိုးပါ။
.
ကိုလံဘီယာ - ဂါနာ (နံနက် ၈-၀၀)
.

ကိုလံဘီယာက ပေါ်တူဂီနဲ့ ပွဲမှာ တကယ်ကောင်းတဲ့ ကစားပုံကို ပြသွားခဲ့တာပါ။ အသင်းက တိုက်စစ်ရော ခံစစ်ပါ ကောင်းနေတဲ့ အနေအထား ဖြစ်ပြီး ဒီယာ့ဇ်နဲ့ အေရီယက်စ်တို့ရဲ့ တောင်ပံတွေက တော်တော် အလုပ် ဖြစ်နေတာပါ။ ကွင်းလယ်မှာ ရိုဒရီဂွက်ဇ်နဲ့ လာမာ အတွဲ ကောင်းနေသလို ခံစစ်မှာလည်း ဆန်းချက်ဇ်၊ မူနော့ဇ်က ပြန် အတွဲ မိနေပါတယ်။
.
ဂါနာကတော့ အသင်းခေါင်းဆောင် ပါတေး ကစားခွင့် ပြန်ရနေပေမယ့် သူလည်း အမှုတွဲတွေကြောင့် တော်တော် စိတ်လေနေပုံရပါတယ်။ ဒါ့အပြင် ကနေဒါနိုင်ငံထဲ ဝင်ခွင့်မရခဲ့တဲ့ အပေါ်လည်း စိတ် အဆင်မပြေတာတွေ ရှိနေနိုင်တယ်။ ခရိုအေးရှားနဲ့ ပွဲတုန်းကလည်း ပါတေး ခြေ မပေါ်ခဲ့တဲ့အပြင် ဂါနာကွင်းလယ်က လုံးဝကို ညံ့နေခဲ့တာ တွေ့ရတယ်။

.
ဂါနာမှာ ဆီမန်ညို၊ ဆူလီမာနာ၊ အေယူးတို့ရှိနေပေမယ့်လည်း ကိုလံဘီယာကို ယှဉ်ကစားဖို့က မလွယ်ပါဘူး။
ဂါနာခံစစ်နဲ့ ကိုလံဘီယာ တိုက်စစ် ထိပ်တိုက်တွေ့မယ့် ပွဲမျိုး ဖြစ်ပြီး ကိုလံဘီယာပဲ နောက်တစ်ဆင့် တက်မှာပါ။

No comments:

Post a Comment

Pages