.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊
အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း တွင် ယနေ့ ဇူလိုင်လ ၃ ရက်၊ နံနက်ပိုင်းက အသက်
၁၀ နှစ်ပြည့် ကျောင်းသား/သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
.
.လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကလောမြို့နယ်ဦးစီးမှူးရုံးက အခြေခံပညာကျောင်း များသို့ ကွင်းဆင်းဆောင်ရွက်ပေးနေခြင်း
ဖြစ်ကြောင်း သိရသည်။
.
ထိုသို့ ဆောင်ရွက်ရာတွင် အောင်ပန်းမြို့၊ အမှတ်
(၅) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူ ၁၉၃ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်နှင့်
UID များ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ
ရက်တစ်ရာ လမင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား၊ UID ပြုလုပ်ပေးခြင်းကို အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ပေး
နေသည့်အပြင် မြို့နယ် လဝကရုံးများတွင်လည်း နိုင်ငံသားစိစစ်ရေးကတ်၊ UID အပြင် အိမ်ထောင်စုဇယား မွေးတိုး၊ ပြောင်းဝင်၊ ပြောင်းထွက် စသည်တို့ကိုလည်း
ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.


No comments:
Post a Comment