အနိုင်သေချာတဲ့ ပေါ်တူဂီနဲ့ ဇူလိုင် ၂ ရက်နေ့ ကမ္ဘာ့ဖလားခန့်မှန်းချက်များ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, July 2, 2026

အနိုင်သေချာတဲ့ ပေါ်တူဂီနဲ့ ဇူလိုင် ၂ ရက်နေ့ ကမ္ဘာ့ဖလားခန့်မှန်းချက်များ

.

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂ ရက်

.

.

စပိန် - ဩစတြီးယား (နံနက် ၁-၃၀)

.

နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာ စပိန်ရဲ့ တိုက်စစ်က ဩစတြီးယားကို ၉ ဂိုးအထိ သွင်းထားဖူးတယ် ဆိုတာနဲ့ သုံးသပ်ချက်ကို စပါရစေ။ အယ်လ်ဂျီးရီးယားလို အသင်းကို အသည်းအသန်ကစားပြီး ၃ ဂိုးပေးခဲ့ ရတဲ့ ဩစတြီးယားက စပိန်တိုက်စစ်ကို ထိန်းဖို့ဆိုတာ လွယ်မှာတော့မဟုတ်ဘူး။

.

စပိန်အနေနဲ့ အုပ်စုပွဲမှာ ပေးဂိုးတစ်ဂိုးမှ မပေးခဲ့ရဘူးဆိုပေမဲ့ အုပ်စုမှာ သူတို့တွေ့ခဲ့တဲ့ အသင်းတွေက တိုက်စစ်ကို ဘယ်လိုကစားရမှန်းသိတဲ့ အသင်းတွေတော့ မဟုတ်ခဲ့ဘူး။ ပြီးတော့ ဒီနှစ်ကမ္ဘာ့ဖလားမှာ စပိန်တိုက်စစ်က အသစ်ကြီးလိုဖြစ်နေပြီး ယာမယ် တစ်ယောက်ပဲ ကစားပုံက အားရစရာရှိတယ်။ အဲလစ်ဘေနာနဲ့ အိုယာဇာဘယ်အတွဲက ဂိုးထွက်ဖို့ နှေးနေပြီး နီကီဝီလီယံ နာနေတာမို့ စပိန်က တစ်ခြမ်းပဲ ကစားရသလို ဖြစ်နေတယ်။

.

ဩစတြီးယားကတော့ အလာဘာက အစ၊ အနော်တိုဗစ်၊ လိုင်မာ စတဲ့ ကြယ်ပွင့်ကစားသမားအားလုံး ဒီကမ္ဘာ့ဖလားမှာ ခြေမပေါ်ဘဲ ဘယ်ခြမ်းက ဆဘစ်ဇာတစ်ယောက်ပဲ ကောင်းကောင်းကစားနိုင်တာ တွေ့နေရတယ်။

.

ဩစတြီးယားရဲ့လက်ရှိကစားပုံနဲ့တော့ စပိန်ကွင်းလယ်ကို ဘယ်လိုမှ ယှဉ်လို့ရမှာမဟုတ်သလို မာရက်ဇ် ကိုတောင် မထိန်းနိုင်တဲ့ ဩစတြီးယားနောက်တန်းက ယာမယ်ကိုလည်း သေချာပေါက် ထိန်းနိုင်မှာ မဟုတ်ပါဘူး။ စပိန်အနိုင်ပါ။

.

ပေါ်တူဂီ - ခရိုအေးရှား (နံနက် ၅-၃၀)

.

ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ ခရိုအေးရှားကို ပေါ်တူဂီ နောက်ဆုံးတွေ့ခဲ့တဲ့ ၃ ကြိမ်မှာ အသာရအောင် မကစားနိုင်ခဲ့ဘူး။ ပေါ်တူဂီက တစ်ကြိမ်နိုင်၊ ခရိုအေးရှားက တစ်ကြိမ်နိုင်ပြီး၊ တစ်ကြိမ်သရေကျခဲ့တယ်။ ပေါ်တူဂီရဲ့ တိုက်စစ်မှာ ရော်နယ်ဒိုက တစ်ယောက်တည်း ရုန်းကန်နေရသလိုဖြစ်နေပြီး တောင်ပံတွေ၊ ကွင်းလယ်တွေကသပ်သပ်၊ သူက သပ်သပ် ကစားနေရသလို ဖြစ်နေပါတယ်။ ပေါ်တူဂီရဲ့တောင်ပံတွေမှာ ဂျာအိုဖိလစ်၊ နီတို တို့ကစားနေကြပြီး ဘရူနိုကတော့ ရော်နယ်ဒိုရဲ့အနောက်မှာ ကွင်းလယ်တိုက်စစ်ပုံစံနဲ့ ကစားနေတာပါ။ ကွင်းလယ်ဗဟိုမှာတော့ PSG အတွဲဖြစ်တဲ့ ဗီတင်ဟာနဲ့ နီဗက်စ် ရှိပါတယ်။

.

ခရိုအေးရှားကတော့ ပါရီဆစ်၊ ဆူဆစ်၊ မိုဒရစ်၊ ကိုဗာဆစ် တို့လို ဆရာကြီးတွေကို အမာခံထားပြီး ကစားနေ တယ်။ ဒါပေမဲ့ ဆရာကြီးတွေဆိုတော့ အသက်တွေကလည်း ကြီးနေပြီ။ အင်္ဂလန်လိုအသင်းကို ၄ ဂိုး ပေးခဲ့ရတဲ့ အထိ ခံစစ်ကလည်း မကောင်းဘူး။

.

ခရိုအေးရှားရဲ့အားသာချက်တွေက အသင်းလိုက်ကစားပုံကောင်းတယ်။ ကွင်းလယ်မှာ ဖိအားဒဏ်ခံနိုင်တဲ့ ကစားသမားတွေရှိတယ်။ ပြိုင်ဘက်အမှားကိုစောင့်ပြီး တန်ပြန်တိုက်စစ် ကစားတာ ကောင်းတယ်။ Set-Piece တွေမှာ အန္တရာယ်ရှိတယ်။

.

ဒါပေမဲ့ တိုက်စစ်ကတော့ ပေါ်တူဂီနဲ့ ယှဉ်လို့ကိုမရပါဘူး။ အိုဆာဆူနာ တိုက်စစ်မှူး ဘူဒီမာ ကောင်းနေတယ် ဆိုတာက ရော်နယ်ဒို ညံ့နေသလောက်ပဲရှိတာမို့ သွားယှဉ်လို့မရပြန်ဘူး။ ကွင်းလယ်မှာလည်း ဘရူနို၊ ဗီတင်ဟာ၊ ဂျာအိုဖိလစ်၊ နီဗက်စ် တို့လို ချာတိတ်တွေကို မိုဒရစ်၊ ကိုဗာဆစ် အတွဲက ယှဉ်ကစားဖို့ အချိန်အကန့်အသတ် တစ်ခုအတွင်းပဲ ရလိမ့်မယ်။ ခံစစ်ဆိုရင်လည်း ပေါ်တူဂီရဲ့ ဒီယာ့ဇ်၊ ဗီဂါ၊ ကန်ဆယ်လို၊ မန်ဒက်စ်အတွဲက ဗာဒီယို တစ်ယောက်ပဲ နာမည်ကြီးရှိတဲ့ ခရိုအေးရှားခံစစ်ထက် အပုံကြီးသာတယ်။ ပေါ်တူဂီ နောက်တစ်ဆင့်တက်မယ့်ပွဲပါ။

.

ဆွစ်ဇာလန် - အယ်လ်ဂျီးရီးယား (နံနက် ၉-၃၀)

.

ဩစတြီးယားကောင်းမှုနဲ့ နောက်တစ်ဆင့်တက်ခဲ့တဲ့ အယ်လ်ဂျီးရီးယားတို့ ဒီအဆင့်မှာ ဆွစ်ဇာလန်နဲ့ တွေ့ရတာမို့ သိပ်တော့မဆိုးဘူးလို့ပြောလို့ရတယ်။ ဆွစ်ဇာလန်က အဖွင့်ပွဲမှာ ကာတာနဲ့ အမှတ်မထင် သရေကျခဲ့တာ ကလွဲရင် သူတို့ရဲ့ကစားပုံက တဖြည်းဖြည်းကောင်းလာခဲ့ပြီး ဂိုးတွေလည်း မြူးနေတယ်။ အထူးသဖြင့် ဆွစ်တိုက်စစ်အတွဲဖြစ်တဲ့ အမ်ဘိုလို၊ ဗားဂက်စ်၊ မန်ဇန်ဘီ အတွဲက အသင်းရဲ့စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားတွေဖြစ်နေကြပြီး ကွင်းလယ်အထိုင်ကစားနေတဲ့ ဇာခါ၊ ဖရောင်လာ အတွဲ ကလည်း တော်တော်လေး ကစားနိုင်သေးတယ်။

.

အယ်လ်ဂျီးရီးယားကတော့ သူတို့ရဲ့အထောင်တိုက်စစ်မှူး ဂိုရီ ထက် ကွင်းလယ်တိုက်စစ်အတွဲဖြစ်တဲ့ မာရက်ဇ်၊ မာဇာ၊ ချိုင်ဘီ အတွဲကို မှီပြီးကစားနေရတယ်။ ဘန်တလက် ဦးဆောင်တဲ့ ကွင်းလယ်က ကစားအား လုံးဝမရှိပဲ ခံစစ်ပိုင်းကလည်း အားရစရာမရှိပါဘူး။

.

အယ်လ်ဂျီးယားအနေနဲ့ ဒီအဆင့်ကို ရောက်လာခဲ့တာကပဲ ကံကောင်းလှပြီလို့ ပြောရမှာဖြစ်ပြီး အာဖရိက အသင်းတွေ တစ်သင်းပြီးတစ်သင်း ပြုတ်နေတဲ့ စာရင်းထဲမှာ အယ်လ်ဂျီးရီးယားတို့ ပါသွားပါလိမ့်မယ်။ ဆွစ်ဇာလန် အနိုင်ပါ။

.

No comments:

Post a Comment

Pages