ထိုင်းမှာ ၁၁ နှစ်အရွယ်ကလေး မောင်းလာတဲ့ကားက ဘုန်းကြီးအုပ်စုကို ဝင်တိုက်လို့ ၈ ပါး ပျံလွန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, July 3, 2026

ထိုင်းမှာ ၁၁ နှစ်အရွယ်ကလေး မောင်းလာတဲ့ကားက ဘုန်းကြီးအုပ်စုကို ဝင်တိုက်လို့ ၈ ပါး ပျံလွန်

.

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်

.

ထိုင်းနိုင်ငံမှာ အသက် ၁၁ နှစ်အရွယ် ကလေးငယ်က အဖေဖြစ်သူရဲ့ ထရပ်ကားကို တက်မောင်းရာကနေ အရှိန်မထိန်းနိုင် ဖြစ်ပြီးတဲ့နောက် လမ်းဘေးတစ်လျှောက် လမ်းလျှောက်နေတဲ့ ဘုန်းတော်ကြီး ၃၅ ပါး အဖွဲ့ကို တိုက်မိခဲ့ပြီး ဘုန်းကြီး ၈ ပါး ပျံလွန်သွားခဲ့ပါတယ်။

.

.

ဇူလိုင် ၂ ရက်နေ့ မှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်က မူဒါဟန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘုန်းတော်ကြီး ၃၅ ပါးနဲ့ လူ ၅ ဦးတို့ လမ်းဘေးတစ်လျှောက် ဘုရားဖူးခရီးထွက် စီတန်းလျှောက်နေချိန်မှာ ဖြစ်ပွားခဲ့တာပါ။

.

ဖြစ်ရပ်ကနေ လွတ်မြောက်ခဲ့တဲ့ ဘုန်းတော်ကြီး ဆွန်ပေါင်ကတော့ ကလေးတစ်ယောက် ပစ်ကပ်ကား မောင်းလာတာကို တွေ့လိုက်တယ်။ အဲဒီအချိန်မှာ ဦးဇင်းတို့က ‘ဗုဒ္ဓေါ၊ ဗုဒ္ဓေါ’ လို့ ရွတ်ဆိုလာခဲ့ကြချိန်ပါ။ အဲဒီနောက်မှာတော့ ကားက အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်လိုက်တယ်။ ဦးဇင်းနဲ့ နောက်တစ်ပါးကတော့ အချိန်မီ ရှောင်ထွက်နိုင်ခဲ့လို့ အသက်ရှင်ခဲ့ပါတယ်။ တန်းစီလမ်းလျှောက်နေတဲ့ ရှေ့ဆုံး ဘုန်းကြီး ၉ ပါးက လွတ်မြောက်ခဲ့ကြပေမဲ့ အနောက်ဘက်က ဘုန်းတော်ကြီးတွေကတော့ တိုက်မိပြီး လေထဲလွင့်ထွက် ကုန်ကြတယ်’ လို့ ပြောဆိုခဲ့တာပါ။

.

ရဲတပ်ဖွဲ့ရဲ့အဆိုအရတော့ ဘုန်းတော်ကြီး ၅ ပါးက တိုက်မိတဲ့နေရာမှာတင် ပျံလွန်တော် မူခဲ့ကြပြီး နောက်ထပ် ၃ ပါးက ဆေးရုံမှာ ကုသမှုခံယူနေတုန်းမှာပဲ ပျံလွန်တော်မူသွားကြတာပါ။ ဒဏ်ရာရတဲ့ ဘုန်းတော်ကြီးတွေလည်း ၁၀ ပါးကျော်ရှိခဲ့ပြီး အဲဒီထဲက တချို့က ဒဏ်ရာပြင်းထန်ကြပါတယ်။

.

ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုအရ ကလေးငယ်က မိဘတွေရဲ့ ပစ်ကပ်ကားကို ခွင့်ပြုချက်မရဘဲ ယူမောင်းခဲ့တာ ဖြစ်ပြီး ယာဉ်ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဘုန်းကြီးတွေကို ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ သိရတာပါ။ ကလေးငယ်က Special Needs လို့ခေါ်တဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အပြုအမူ ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအခြေအနေတွေ နောက်ကျနေတဲ့ ကလေးဖြစ်နေတယ်ဆိုတာကိုလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

.

ရဲတပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ပိုင်ရော့ ကတော့ “သံသယရှိသူက ကလေးငယ်တစ်ယောက်ပါ။ ယာဉ်ကိုတော့ မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကို စစ်ဆေးနိုင်ဖို့ မှုခင်းသက်သေအဖြစ် စစ်ဆေးနေ ပါတယ်။ ကလေးရဲ့မိဘတွေကိုလည်း ဆင့်ခေါ်ထားပြီး ကလေးကို ကြီးကြပ်စောင့်ရှောက်ရမယ့် တာဝန်ရှိသူ ဘယ်သူလဲဆိုတာကို သတ်မှတ်ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမှာပါ” လို့ဆိုပါတယ်။

.

ထိုင်းနိုင်ငံက ကမ္ဘာပေါ်မှာ လမ်းအန္တရာယ်အများဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရပြီး အရှိန်လွန်မောင်းနှင်ခြင်း၊ အရက်သောက်မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတာလည်း ဖြစ်ပါတယ်။

.

Source – CNA

.

No comments:

Post a Comment

Pages