ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်အတွင်း ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -
.
■ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ
ဖြစ်ပွားခဲ့တဲ့ ကျောင်းသူ တစ်ဦးကို ကျောင်းအုပ်ရဲ့ သားဖြစ်သူကနေ
အဓမ္မပြုကျင့်မှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူကို တောင်ကြီးခရိုင် တရားရုံးက ပုဒ်မ ၃
ခုနဲ့ ထောင်ဒဏ် ၂၅ နှစ် (ပြစ်ဒဏ်တွေ သီးခြားစီ ကျခံစေဖို့)
အမိန့် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
.
■ ရှမ်းပြည်နယ်အရှေ့ပိုင်း
အထူးဒေသ ၄ နယ်မြေရဲ့ ငြိမ်းချမ်းရေး ၃၇ နှစ်မြောက် အခမ်းအနားကို ဇွန်လ ၃၀ ရက်က
မိုင်းလားမြို့ ငြိမ်းချမ်းရေးရင်ပြင်မှာ ပြုလုပ်ခဲ့တယ်လို့
သိရပါတယ်။
.
■ နယူးကာဆယ် အသင်းရဲ့ကွင်းလယ်လူ တိုနာလီ ကို ပေါင်သန်း ၁၀၀ နဲ့ခေါ်ယူဖို့ စပါးအသင်း သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၉၂ ဒသမ ၅ သန်းကို ပေးချေရမှာ ဖြစ်ပြီး ကစားသမားရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်လို့ ပေါင် ၇ ဒသမ ၅သန်း ထပ်မံ ပေးချေရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment