.
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်
.
ထိုင်းနိုင်ငံ၊ ခွန်ကန်မြို့မှာ အရက်အလွန်အကျွံ သောက်ထားတဲ့
အမျိုးသားတစ်ယောက်က လီတာ ၅၀၀ ဆန့် ရေတိုင်ကီတစ်လုံးထဲကို ဝင်ပြီး
အိပ်ပျော်သွားခဲ့လို့ ကယ်ဆယ်ရေးအဖွဲ့တွေကယ်ထုတ်ခဲ့ရပါတယ်။
,
.ဇူလိုင် ၂ ရက်၊ မနက် ၁၁ နာရီခွဲလောက်မှာ
ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်က ခွန်ကန်မြို့ ဖင်းဖာဆွတ်လမ်းထဲက လမ်းကြားတစ်ခု မှာြဖစ်ခဲ့တာဖြစ်ပြီး
ရေတိုင်ကီထဲကို လူတစ်ယောက် ရောက်နေတယ်ဆိုတဲ့ အကြောင်းကြားချက်ကြောင့်
ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ရောက်လာခဲ့ကြတာပါ။
.
ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိချိန်မှာတော့
အမည်မသိရတဲ့ အမျိုးသားက ရေတိုင်ကီထဲမှာ မတ်တပ်ရပ် အိပ်ပျော် နေတာဖြစ်ပြီး
သူ့ရဲ့ခေါင်းပိုင်းကသာ ရေတိုင်ကီအပေါ်ဘက်မှာ ပေါ်နေခဲ့တာပါ။ ကယ်ဆယ်ရေးဝန်ထမ်း တွေနဲ့
ရဲတွေက သူ့ကိုအကြိမ်ကြိမ် နှိုးခဲ့ပေမဲ့လည်း တုံ့ပြန်မှု မရှိခဲ့တာကြောင့်
သေဆုံးနေပြီလို့ ထင်ခဲ့ကြ တာပါ။
.
အဲဒီနောက်မှာတော့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက
ရေတိုင်ကီထဲက ရေတွေကို ဖောက်ထုတ်ခဲ့ပြီး တိုင်ကီကို ဘေးဘက်လှဲချပြီးတဲ့နောက်
အမျိုးသားကို ဆွဲထုတ်ခဲ့ရတာဖြစ်ပါတယ်။ ခဏအကြာမှာပဲ အမျိုးသားက သတိပြန်ရလာခဲ့ပြီး
လမ်းဘေးမှာရပ်ထားတဲ့ သူ့ဆိုင်ကယ်ဆီ လျှောက်သွားပြီးတဲ့နောက် နေရာကနေ
ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ သိရတာပါ။
.
ဒီအမျိုးသားက အရက်မူးနေတာ ထင်ရှားနေပေမဲ့လည်း
ရဲတပ်ဖွဲ့က တားဆီးခြင်းမပြုဘဲ လွှတ်ပေးလိုက်တာ မို့ ဒေသခံတွေက အံ့ဩနေကြပါတယ်။
.
ဒေသခံတစ်ယောက်ဖြစ်တဲ့ အသက် ၄၄ နှစ်အရွယ်
မွန်တာကန်က သူ့ရဲ့အိမ်အနောက်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေက ရေတိုင်ကီထဲက
အမျိုးသားကို စတင်တွေ့ရှိခဲ့ကြတာဖြစ်ပြီး လုံးဝမလှုပ်ရှားတာကြောင့်
သေဆုံးနေပြီလို့ ထင်ခဲ့ကြတဲ့အကြောင်း ပြောပါတယ်။
.
မွန်တာကန်ရဲ့ ပြောဆိုချက်အရတော့ အမျိုးသားက
သတိရလာပြီးတဲ့နောက် သူ့အနေနဲ့ အရက် အရမ်းမူးနေ ခဲ့တာကြောင့် လမ်းကြားထဲမှာ
မော်တော်ဆိုင်ကယ်ကို ရပ်ထားခဲ့တဲ့အကြောင်းနဲ့ ခြံစည်းရိုးကို ကျော်တက်ပြီး
ရေတိုင်ကီထဲ ဝင်အိပ်ခဲ့မိတာဖြစ်ကြောင်း ပြောဆိုပြီး ပြန်သွားတယ်လို့ သိရတာပါ။
.
ဒေသခံတွေကတော့ ဒီအမျိုးသား အသက်ရှင်ခဲ့တာက
ကံကောင်းတဲ့အကြောင်းနဲ့ ဟန်ချက်ပျက်ပြီး ရေတိုင်ကီထဲ လဲကျခဲ့ရင်
ရေနစ်သေဆုံးနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ကြောင်း ပြောဆိုနေကြပြီး ရေထဲမှာ
မတ်တပ်ကြီး အိပ်နေနိုင်တဲ့ စွမ်းရည်ကိုလည်း ချီးကျူးနေကြပါတယ်။
.
Source – Khaosad
.

No comments:
Post a Comment