တောင်ကြီးမြို့၊ ရှမ်းရိုးမဘိုးဘွားရိပ်သာတွင် UID ကတ်များ ကွင်းဆင်းပြုလုပ်ပေး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, July 3, 2026

တောင်ကြီးမြို့၊ ရှမ်းရိုးမဘိုးဘွားရိပ်သာတွင် UID ကတ်များ ကွင်းဆင်းပြုလုပ်ပေး

.

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်

.

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာတွင် ယနေ့ ဇူလိုင်လ ၃ ရက် နံနက်ပိုင်းက UID ကတ်များ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ကြီးခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထူးအောင် ဦးဆောင်သာ ဝန်ထမ်းများက ရှမ်းရိုးမ ဘိုးဘွားရိပ်သာရှိ အဘိုး၊အဘွား ၂၅ ဦးအား နိုင်ငံသားကတ်နှင့် UID ကတ်များကို ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက် အထိ ရက်တစ်ရာ လမင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား၊ UID ပြုလုပ်ပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးနေသည့်အပြင် မြို့နယ် လဝကရုံးများတွင်လည်း နိုင်ငံသားစိစစ်ရေးကတ်၊ UID အပြင် အိမ်ထောင်စုဇယား မွေးတိုး၊ ပြောင်းဝင်၊ ပြောင်းထွက် စသည်တို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages