.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၉ ရက်
.
ကိုလံဘီယာနိုင်ငံမှာ သမ္မတသစ်ဖြစ်လာခဲ့တဲ့ ဒီလာ
အက်စ်ပရီယာလာ ကျမ်းသစ္စာကျိန်ဆိုပြီး တစ်ရက်အကြာ မှာပဲ
နိုင်ငံအနောက်တောင်ပိုင်းမှာ ကားဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့တဲ့အကြောင်း
အာဏာပိုင်တွေက ထုတ်ပြန် လိုက်ပါတယ်။
.
.ကိုလံဘီယာ အနောက်တောင်ပိုင်း၊ ပန်-အမေရိကန်
အဝေးပြေးလမ်းမကြီးပေါ်မှာ ကားဗုံးဖောက်ခွဲမှု ဖြစ်ပွား ခဲ့တာဖြစ်ပြီး
အစိုးရသစ်ကတော့ ဒီဖြစ်ရပ်အပေါ် ပြင်းထန်စွာ တုံ့ပြန်သွားမယ်လို့ ကတိပေးလိုက်ပါတယ်။
.
ဩဂုတ် ၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုက
နိုင်ငံအနောက်ပိုင်း၊ ကော့ကာပြည်နယ်၊ အဝေးပြေးလမ်းမကြီး ပေါ်မှာရှိတဲ့
ယာဉ်ဖြတ်သန်းခ အကောက်ခွန်စခန်းကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့တွေရဲ့
လုပ်ရပ်ဖြစ်တယ်လို့ ကိုလံဘီယာစစ်တပ်က စွပ်စွဲထားပါတယ်။
.
၂၀၁၆ ခုနှစ်မှာ အစိုးရနဲ့
ငြိမ်းချမ်းရေးသဘောတူညီချက်ရပြီး လက်နက်စွန့်ခဲ့တဲ့ သူပုန်အဖွဲ့ FARC ကနေ ခွဲထွက် လာတဲ့ လက်နက်ကိုင် ၂ ဖွဲ့ရဲ့ တိုက်ခိုက်မှုဖြစ်တဲ့အကြောင်း
စစ်တပ်က ထုတ်ပြန်ထားတာပါ။
.
ပေါက်ကွဲမှုကြောင့် သေဆုံးသူတော့မရှိခဲ့ဘဲ
လုံခြုံရေးဝန်ထမ်း ၂ ဦးသာ အနည်းငယ် ဒဏ်ရာရရှိသွားခဲ့တာပါ။ မျက်မြင်သက်သေ တစ်ဦးရဲ့ ပြောဆိုချက်အရတော့
တိုက်ခိုက်သူက ကားကို နေရာမှာထားခဲ့ပြီး မော်တော် ဆိုင်ကယ်နဲ့
ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
.
ပို့ဆောင်ရေးဝန်ကြီး အယ်လ်ဆာ နိုဂွဲရာ ကတော့ “ကိုလံဘီယာ
ဟာ အကြမ်းဖက်မှုတွေရှေ့မှာ ဒူးထောက်မှာ မဟုတ်သလို ကျွန်တော်တို့ရဲ့ ဒေသတွေကို
ဆက်သွယ်ပေးထားတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးအောင် လည်း ခွင့်ပြုမှာမဟုတ်ပါဘူး၊
သမ္မ အက်စ်ပရီယာလာ မနေ့က ပြောသလိုပါပဲ အမိန့်နဲ့စည်းကမ်းကို ပြန်လည် တည်ဆောက်ရမယ့်အချိန်
ရောက်လာပါပြီ။ ကိုလံဘီယာရဲ့ လုံခြုံရေး၊ နယ်မြေတွေအပေါ် ထိန်းချုပ်နိုင်မှုနဲ့
ပြည်သူတွေရဲ့ စိတ်အေးချမ်းမှုကို ပြန်လည်ရယူသွားမှာပါ” လို့ ဆိုပါတယ်။
.
လက်ရှိမှာ ကိုလံဘီယာရဲ့ သမ္မတဖြစ်လာခဲ့တဲ့
အက်စ်ပရီယာလာ က ကိုလံဘီယာနိုင်ငံအတွင်းမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေကို
အပြင်းအထန်နှိမ်နှင်းမယ်လို့ ကတိပြုပြီး ရွေးကောက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။
.
ကိုလံဘီယာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေ၊
သူပုန်တွေ၊ ရာဇဝတ်ဂိုဏ်းတွေအကြား ပဋိပက္ခ ကို နှစ်ပေါင်း ၆၀ ကျော်
ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ကိုကိန်း ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ကိုကာပင် ကို
အများဆုံးထုတ်လုပ်တဲ့ နိုင်ငံအဖြစ်လည်း ရပ်တည်နေတာဖြစ်ပါတယ်။
.
ကိုလံဘီယာနိုင်ငံမှာတော့ သမ္မတတွေက
သက်တမ်းပြီးဆုံးရင် ထပ်မံရွေးကောက်ခံခွင့်မရှိဘူးလို့ ဥပဒေပြဌာန်း ထားတာမို့
သမ္မတသစ်ရဲ့ ၄ နှစ်တာ ကာလအတွင်း လက်နက်ကိုင်ပြဿနာတွေကို ဖြေရှင်းနိုင်မလားဆိုတာ ကလည်း
မေးခွန်းတွေအများကြီးရှိနေခဲ့တာပါ။
.
သူက သမ္မတဟောင်း ပီထရိုရဲ့ လက်နက်ကိုင်တွေနဲ့
ငြိမ်းချမ်းရေးဆွေးနွေးမယ့် မူဝါဒကို အဆုံးသတ်မယ်လို့ ကတိပေးထားသူဖြစ်ပြီး
စစ်တပ်အင်အားနဲ့ အဓိက ဖြေရှင်းမယ့်မူဝါဒကိုပဲ သုံးမယ်လို့ ပြောဆိုထားတာပါ။
.
သမ္မတသစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထောက်ခံမှုကိုလည်း
ရရှိထားပြီး ထရမ့်အစိုးရက ကိုလံဘီယာ နိုင်ငံအတွက် လုံခြုံရေးအကူအညီအဖြစ် ဒေါ်လာ ၁
ဘီလီယံပေးမယ်လို့လည်း ကတိပေးထား ပါတယ်။
.
Source – Aljazeera
.

No comments:
Post a Comment