ရေကြီးရေလျှံမှုကြောင့် နီပေါနှင့် တိဘက်တွင် သေဆုံးသူ ၇၅၀ ကျော် ရှိလာပြီး ၃၀၀၀ ကျော် ပျောက်ဆုံး နေဆဲဖြစ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, August 30, 2026

ရေကြီးရေလျှံမှုကြောင့် နီပေါနှင့် တိဘက်တွင် သေဆုံးသူ ၇၅၀ ကျော် ရှိလာပြီး ၃၀၀၀ ကျော် ပျောက်ဆုံး နေဆဲဖြစ်

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်

.

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် နီပေါနဲ့ တိဘက်မှာ သေဆုံးသူ ဦးရေ ၇၅၀ ကျော် ရှိလာပြီဖြစ်ပြီး ၃၀၄၄ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောဆိုလိုက် ပါတယ်။

.

.

မိုးရွာသွန်းမှုကြောင့် မြစ်ရေတွေ ဆက်လက်မြင့်တက်လာနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ကုန်းမြင့်တွေဘက်ကို ပြောင်းရွှေ့နေရတယ်လို့ ဆိုပါတယ်။

.

ရာသီဥတု ဆိုးရွားနေမှုနဲ့ ရေခဲမြစ် ပြိုကျမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရေကန်အသစ်မှာ ရေလွှမ်းမိုးမှုတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်နေရတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကြိမ်ကြိမ် ရပ်နားနေခဲ့ရတာ လည်း ဖြစ်ပါတယ်။

.

ကြက်ခြေနီအဖွဲ့တွေကတော့ ဒီရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၉၀၀၀၀ ကျော် ထိခိုက်ခံစားခဲ့ရတယ် လို့ ဆိုပါတယ်။

.

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စနေနေ့မှာ နီပေါနိုင်ငံခြားရေးဝန်ကြီးကို ဖုန်းဆက်သွယ်ပြောဆို ရာမှာတော့ မြေပြိုမှုဟာ မကြာသေးမီ နှစ်များအတွင်းက အပြင်းထန်ဆုံး နယ်စပ် ဖြတ်ကျော် ဘေးအန္တရာယ်တစ်ခု ဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း မကြုံစဖူး အခက်အခဲ၊ ရှုပ်ထွေးမှုတွေ ကြုံနေရယ်လို့ ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံပိုင် CCTV သတင်းက ဖော်ပြထားပါတယ်။

.

နီပေါ ကယ်ဆယ်ရေးသမားတွေကတော့ လူပေါင်းရာနဲ့ချီ ရှိနေနိုင်တယ် လို့ ယူဆရတဲ့ ရေအား လျှပ်စစ်စီမံကိန်း ဥမင်လှိုင်ခေါင်းထဲကို ဝင်ရောက်ကယ်ဆယ်နိုင်ဖို့ အားထုတ်နေရပါတယ်။

.

ဒီရေကြီးရေလျှံမှုကြောင့် နီပေါမှာ သေဆုံးသူအရေအတွက် ၇၃၄ ဦးအထိ ရှိလာခဲ့ပြီး ၂၄၉၈ ဦးက ပျောက်ဆုံး နေဆဲဖြစ်သလို ၇၅၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ နီပေါနိုင်ငံရဲ့ သဘာဝဘေးဆိုင်ရာ အာဏာပိုင်အဖွဲ့က ပြောဆိုထားပါတယ်။ တရုတ်ဘက်မှာတော့ ဂျီရောင်းခရိုင်မှာ လူ ၁၆ ဦး သေဆုံးပြီး ၅၄၆ ဦး ပျောက်ဆုံး နေတယ် လို့ တိဘက်အရာရှိတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

.

တိဘက်ဘက်မှာ ပျောက်ဆုံးနေတဲ့သူတွေထဲမှာ နိုင်ငံပေါင်း ၂၃ နိုင်ငံက နိုင်ငံခြားသား ၂၆၁ ဦး ပါဝင်နေပြီး နီပေါက ၁၀၄ ဦး၊ အိန္ဒိယက ၄၉ ဦး၊ လတ်ဗီးယားက ၃၃ ဦး၊ အမေရိကန် ၁၈ ဦးနဲ့ ဗြိတိန် ၁၅ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

.

ပျောက်ဆုံးနေတဲ့ နိုင်ငံသားနဲ့ နိုင်ငံခြားသားတွေကို ဖော်ထုတ်နိုင်ဖို့ ဘေဂျင်းနဲ့ ခတ္တမန္ဒူ ပူးပေါင်း လုပ်ဆောင် နေကြပြီး သဘာဝဘေးအန္တရာယ် ကာကွယ်လျော့ပါးစေရေး၊ ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်နိုင်ရေးတို့ အတွက်လည်း ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် လုပ်ဆောင်နေကြတယ်လို့ CCTV သတင်းမှာ ဖော်ပြထားပါတယ်။

.

ဒီနေ့ တနင်္ဂနွေနေ့မှာ မိုးထပ်မံရွာသွန်းနေတာကြောင့် ထရိုင်ရှုလီမြစ်ရေက ထပ်မံမြင့်တက်လာနေပြီး ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ဒေသခံတွေက မြင့်တဲ့နေရာတွေကို ပြောင်းရွှေ့နေရတယ်လို့ နီပေါရဲတပ်ဖွဲ့က ရိုက်တာကို ပြောဆိုထားပါတယ်။

.

သာမန်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် နိုင်ငံတကာ အကူအညီတွေ မလိုအပ်ပေမဲ့ ဥမင်လှိုင်ခေါင်း ကယ်ဆယ်ရေး၊ DNA စစ်ဆေးရေး၊ ရုပ်အလောင်းတွေထည့်နိုင်ဖို့ အအေးခန်းတွေနဲ့ ခွဲခြားသတ်မှတ်ရေး  ဆိုင်ရာ ကိစ္စတွေမှာတော့ လိုအပ်နေဆဲဖြစ်တယ်လို့ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဥမင်လှိုင်ခေါင်း တူးဖော်နိုင်ရေးအတွက် အိန္ဒိယနဲ့ တရုတ် ကျွမ်းကျင်သူတွေ မြေပြင်မှာ ရောက်ရှိ ကူညီနေကြပြီလို့လည်း သူက ပြောပါတယ်။

.

အစပိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခြိမ်းခြောက်နေတဲ့ ရေကန်ကတော့ စနေညနေပိုင်းမှာ ခန်းခြောက်သွားပြီဖြစ်ပေမဲ့ ရေကန်အောက် ၂ ဒသမ ၈ ကီလိုမီတာ (၁ ဒသမ ၇ မိုင်) အကွာမှာ မြေပြိုမှုတစ်ခု ထပ်တွေ့ခဲ့ရပြီး ရေကန်အသစ်တစ်ခု ထပ်မံဖြစ်ပေါ်လာနေတယ်လို့ CCTV သတင်းမှာ ဖော်ပြထားပါတယ်။ အာဏာပိုင်တွေက ကယ်ဆယ်ရေးသမားတွေ ဘေးအန္တရာယ်ကင်းစေဖို့ အနီးက ဂျီရောင်းနယ်စပ်ကို နေရော ပြောင်းရွှေ့စေခဲ့တယ်လို့ ဆိုပါတယ်။

.

ရေကြီးရေလျှံမှုဟာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲမြစ်မတည်မငြိမ်ဖြစ်ရာကနေ စတင်လာတာဖြစ်ပြီး တိဘက်ကုန်းမြင့်ဒေသအတွက် သိသာထင်ရှားတဲ့ သဘာဝဘေးတစ်ခု ဖြစ်တယ်လို့ သိရတာပါ။

.

Ref – Reuters

.

No comments:

Post a Comment

Pages