Digital Smart မီတာအသစ် လျှောက်ထားသူ ၉၆၀၀ ကျော်ရှိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, August 30, 2026

Digital Smart မီတာအသစ် လျှောက်ထားသူ ၉၆၀၀ ကျော်ရှိ


Website မှတစ်ဆင့် Digital Smart မီတာအသစ် လျှောက်ထားသူ ၉၆၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

.

ပြီးခဲ့သည့် ဩဂုတ်လ  ၁၅ ရက်မှ ၂၈ ရက်ထိ မီတာ လျှောက်ထားသူ ၉၆၈၆ ဦး ရှိပြီး ယင်းအနက် အချက်အလက် အထောက်အထား မပြည့်စုံခြင်းကြောင့် လျှောက်လွှာ ၂၄၈၂ စောင်ကို လျှောက်ထားသူများထံ ပြန်လည် ပေးပို့၍ ကျန်ရှိသည့် ၇၂၀၄ စောင်ကို လက်ခံ ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

.

လက်ရှိတွင် Digital Smart မီတာအသစ် ၁၃၃၁ လုံးကို တပ်ဆင်ပေးပြီး ဖြစ်ကာ ကျန်ရှိသူများကိုလည်း အမြန်ဆုံး စိစစ်၍ တပ်ဆင်ပေးသွားမည်ဟုလည်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

လျှပ်စစ်ဓာတ်အား သုံးစွဲလိုသော်လည်း မီတာ မရှိသေးသည့် ပြည်သူများအနေဖြင့် အိမ်သုံး အပြင် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် Digital Smart မီတာအသစ်များကို ငှားရမ်း အသုံးပြုရာတွင် လျင်မြန်စွာ ရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင် ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့်ကုန်ကျစရိတ်များ သက်သာစေရန် ရည်ရွယ်၍ Website မှတစ်ဆင့် လျှောက်ထားနိုင်ရန် သတ်မှတ်ထားခြင်း ဖြစ်သည်။

.

အဆိုပါ Digital Smart မီတာအသစ် လျှောက်ထားမှုများအတွက် သတ်မှတ်ကြေး ပေးသွင်းရာတွင် ကြီးကြပ်ခ၊ မီးသွယ်ခ၊  မီးဆက်ခ အပါအဝင် ပေးသွင်းရမည့် နှုန်းထားသည် အိမ်သုံးမီတာအတွက် ၂၅၀၀၀၀ ကျပ် ကျသင့်မည် ဖြစ်ပြီး အိမ်သုံးပါဝါမီတာနှင့် စက်မှုသုံးပါဝါမီတာများမှာမူ kw အလိုက် ငွေကျပ် ၁၀ သိန်းမှ ၁၆ သိန်းကျော်ထိ ကျသင့်နိုင်ကြောင်း သိရသည်။

No comments:

Post a Comment

Pages