မြန်မာ - ထိုင်းနယ်စပ် "ဝ"တပ် (UWSA ) ထိန်းချုပ်နေရာ ၊ BP-1 နယ်စပ်မျဉ်း အနီး၌ စိတ်ကြွရူးသွပ်ဆေးပြား ၂၇ သိန်းကျော်ကို ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်၊ ညပိုင်းတွင် UWSA က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
နယ်စပ်မှ တဆင့် ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်မည့် သတင်းအရ
UWSA တပ်ဖွဲ့ဝင်များက BP -1 ၏ အနောက်တောင်ဘက် မီတာ ၇၇၉ အကွာတွင် စောင့်ဆိုင်းနေစဉ်
သံသယရှိ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်း ဝင်ရောက်လာသည်ကို တွေ့ရှိသဖြင့်
စစ်ဆေးရန် ရပ်တန့်စေသော်လည်း ထွက်ပြေးခဲ့ကြခြင်း
ဖြစ်သည်ဟု သိရသည်။
.
ယင်း ထွက်ပြေးသူများအား
လိုက်လံဖမ်းဆီးရာတွင် ဖမ်းဆီးရမိခြင်း မရှိသော်လည်း ၎င်းတို့ စွန့်ပစ်ခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြား
ဆေးပြား ၂,၇၈၂,၀၀၀ ပါရှိသော မက်သာဖက်တမင်း ၁၁
ထုပ် ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
.
အဆိုပါ
မူးယစ်မှောင်ခိုအဖွဲ့မှာ အဖွဲ့ဝင် ၁၅ ဦးခန့် ပါဝင်ပြီး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခြင်း
ဖြစ်ကာ ၎င်းတို့အား ဖမ်းမိနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။
.
Source
– Nyi Rang

No comments:
Post a Comment