ထိုင်းနိုင်ငံ၊ စတာဟစ်ခရိုင်က တိုက်ခန်း တစ်ခုအတွင်းမှာ ချစ်သူနဲ့ တရုတ်အမျိုးသားတစ်ဦး အိပ်နေတာကို တွေ့ရှိပြီးတဲ့နောက် တရုတ်အမျိုးသားကို ဓားနဲ့ထိုးပြီး အသက် ဆုံးရှုံးအောင် လုပ်ခဲ့တဲ့ ထိုင်းလူငယ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
.
ရဲတပ်ဖွဲ့က ချွန်ဘူရီ ကောလိပ်တစ်ခုမှာ တက်ရောက်နေတဲ့ အသက် ၂၀ အရွယ်
သနာချော့ ကို လူသတ်မှုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဓားထိုးမှု ဖြစ်ပွားခဲ့ပြီးနောက်
ပတ္တရားဘက် ထွက်ပြေးသွားခဲ့ပေမယ့် တရုတ်အမျိုးသား သေဆုံးကြောင်း သိရှိပြီးတဲ့နောက်
ရဲတပ်ဖွဲ့ဆီကို ကိုယ်တိုင်ဆက်သွယ် အဖမ်းခံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
.
ကနဦး စစ်ဆေးမေးမြန်းမှုတွေမှာတော့ သနာချော့ က ပတ္တရားမှာ ရှိတဲ့
ဖျော်ဖြေရေးနေရာ တစ်ခုမှာ လုံခြုံရေးဝန်ထမ်းအဖြစ် တစ်ညလုံး အလုပ် လုပ်ပြီးတဲ့နောက်
မနက်ပိုင်းမှာ ချစ်သူရှိတဲ့ တိုက်ခန်းဆီကို ပြန်လာခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ပြောပါတယ်။
.
အဲဒီနောက် အခန်းတံခါး ဖွင့်လိုက်ချိန်မှာတော့ သူစိမ်း အမျိုးသား တစ်ဦးက
အိပ်ယာပေါ်မှာ ချစ်သူနဲ့အတူ လဲလျောင်းနေတာကို တွေ့ခဲ့ရပြီး အဲဒီ အမျိုးသားကို
ရင်ဆိုင် ခြိမ်းခြောက်ဖို့အတွက် ဓားကို ကိုင်ဆောင် ထားမိခဲ့တယ်လို့လည်း သနာချော့က
ဝန်ခံခဲ့တာပါ။
.
သနာချော့ရဲ့ ထွက်ဆိုချက်အရ တရုတ်အမျိုးသားက လက်ထဲက ဓားကို လုယူဖို့
ကြိုးစားခဲ့တာကြောင့် သူ့အနေနဲ့ ပြန်လည် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ရကြောင်းနဲ့
နှစ်ဦးအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပြီးတဲ့နောက် နောက်ဆုံးမှာ တရုတ်အမျိုးသားကို
ဓားနဲ့ ထိုးခဲ့တယ်လို့ သိရပါတယ်။
.
သူ့အနေနဲ့ တရုတ်အမျိုးသားကို သတ်ဖို့ ရည်ရွယ်ချက် မရှိတဲ့အကြောင်းနဲ့
ဖြစ်စဉ်အပြီးမှာ ပတ္တရားဘက်ကို ထွက်ပြေးမိခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်၊ ဒါပေမဲ့
တရုတ်အမျိုးသား သေဆုံးသွားတာကို သိရှိပြီးတဲ့ နောက်မှာတော့ ရဲတပ်ဖွဲ့ဆီ လာရောက် အဖမ်းခံဖို့
ဆုံးဖြတ်ခဲ့တယ်လို့လည်း သနာချော့ က ပြောပါတယ်။
.
လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ရည်ရွယ်ချက် ရှိရှိ လူသတ်မှုနဲ့ အမှု ဖွင့်ထားပြီး
စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဓားထိုးမှုမှာ
သေဆုံးခဲ့သူက အသက် ၂၀ အရွယ် တရုတ်နိုင်ငံသား တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က
အတည်ပြုထားပြီး ကိုယ်ရေးအချက်အလက်တွေကို စစ်ဆေးနေသလို ၊ မိသားစုဝင်တွေကိုလည်း
ဆက်သွယ်ဖို့ ရှာဖွေနေတဲ့အကြောင်း သိရပါတယ်။
.
Source – Khaosad

No comments:
Post a Comment