ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ဖုန်းဆိုင် တစ်ဆိုင် ယမန်နေ့ ဩဂုတ်လ ၇ ရက်၊ ညပိုင်းက ဖောက်ထွင်းခံရပြီး ဖုန်းအလုံးရေ ၃၀ ခန့် ပါသွားကြောင်း သိရသည်။
.
ဖောက်ထွင်းခံရသည့်
ဆိုင်မှာ ကံကြီးရပ်ကွက်၊ ကျောက်တလုံးလမ်း၊ အုပ်ချုပ်ရေးမှူးရုံးအနီးရှိ ST Mobile ဖုန်း အရောင်းဆိုင် ဖြစ်ပြီး ဖောက်ထွင်းခံရမှုကြောင့် မိုဘိုင်လ်းဖုန်း
အလုံးရေ ၃၀ခန့် ပါရှိသွားသည့်အပြင် ဆိုင်အတွင်းရှိ CCTV ကြိုးများကိုလည်း
ဖြတ်တောက်ခံခဲ့ရသည်ဟု သိရသည်။
.
“ မနေ့
ညတုန်းက အဖောက်ခံရတာပေါ့။ အပြင်က သော့တွေ့ကို ဖျက်ပြီး၊ အထဲက ဆွဲတံခါးတွေကို နည်းနည်းလေး
တစ်ပေလောက် မပြီးတော့ အောက်ကနေ ဝင်တဲ့ပုံစံမျိုးပါ။ ပြီးရင် ဆိုင်က မီးလုံးတွေ၊
CCTV ကြိုးတွေကပါ ဖျက်သွားတာပါ။” ဟု ဖုန်းဆိုင်ပိုင်ရှင် က ပြောသည်။
.
အဆိုပါ ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားရန် သွားရောက်ခဲ့သော်လည်း ရုံးပိတ်ရက် ဖြစ်၍ တိုင်ကြား၍ မရသေးဘဲ ဖြစ်နေကာ ရဲစခန်းတွင် တိုင်ကြားရန် စီစဉ်နေလျက် ရှိသည်ဟု သိရသည်။


No comments:
Post a Comment