တရုတ်နဲ့ ဂျပန်မှာ တိုင်ဖွန်း Dolphin ဝင်ရောက် တိုက်ခိုက်နေပြီး ခရီးသွားလာမှု အားလုံး ပိတ်ထား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, August 8, 2026

တရုတ်နဲ့ ဂျပန်မှာ တိုင်ဖွန်း Dolphin ဝင်ရောက် တိုက်ခိုက်နေပြီး ခရီးသွားလာမှု အားလုံး ပိတ်ထား


ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါခရိုင်ကို အင်အားပြင်း အရှိန်အဟုန်နဲ့ ဝင်ရောက် တိုက်ခိုက်နေတဲ့ တိုင်ဖွန်း ဒေါ်လ်ဖင်ကြောင့် လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး အဆောက်အအုံပေါင်း ၁၄၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက် ခဲ့ရပါတယ်။ တချိန်တည်းမှာပဲ မုန်တိုင်းက တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းကို စတင် ဝင်ရောက်နေပြီး တရုတ်နိုင်ငံရဲ့ ဆိပ်ကမ်းတွေနဲ့ သင်္ဘော ပြေးဆွဲမှုတွေကို ပိတ်ထားခဲ့ပါတယ်။

.
ဂျပန်မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ တိုင်ဖွန်းဒေါ်လ်ဖင်က အိုကီနာဝါကျွန်းရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၁၆၀ အကွာမှာရှိနေပြီး တစ်နာရီကို ၁၅ ကီလိုမီတာ နှုန်းနဲ့ အနောက်မြောက်ဘက်ဆီ ရွေ့လျားနေတယ်လို့ သိရတာပါ။ အိုကီနာဝါခရိုင် အစိုးရရဲ့ ပြောဆိုမှုအရ ထိခိုက်ဒဏ်ရာရသူ ၅ ဦးက အသက်အန္တရာယ် မစိုးရိမ်ရဘဲ အဲဒီအထဲက ၃ ဦးကတော့ လေပြင်းတိုက်ခတ်မှုကြောင့် လဲကျခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
.
ဂျပန်ပြည်တွင်း လေကြောင်းလိုင်းတွေ ဖြစ်တဲ့ ANA နဲ့ ဂျပန်လေကြောင်းလိုင်း တို့ကလည်း အိုကီနာဝါကို ပြေးဆွဲမယ့် လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းခဲ့သလို ဒေသတွင်း ခရီးသွားလာမှုတွေကိုလည်း ရပ်တန့်ထားခဲ့တာပါ။
.
တိုင်ဖွန်းမုန်တိုင်း သက်ရောက်မှု ဒဏ်ကို ခံရမယ့် အဓိက ဒေသတွေက အိုကီနာဝါနဲ့ ကာဂိုရှီးမားခရိုင်တို့ ဖြစ်ကြပြီး အမြင့်ဆုံးလေတိုက်နုန်းက တစ်နာရီ ၁၆၂ ကီလိုမီတာအထိ ရှိတဲ့အပြင် လေပြင်း တိုက်ချိန်မှာ လေတိုက်နုန်းက တစ်နာရီကို ၂၁၆ ကီလိုမီတာအထိ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
.
တရုတ်အမျိုးသား မိုးလေဝသဌာနကတော့ တိုင်ဖွန်းဒေါ်လ်ဖင် ဟာ တရုတ်နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းကမ်းရိုးတန်း တစ်လျှောက်ဆီ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းက ဇီကျန်းပြည်နယ်မှာ ရှိတဲ့ ဇူရှန်မြို့နဲ့ ဖူကျင်းပြည်နယ်မှာ ရှိတဲ့ ဖူဒင်းမြို့အကြား ဒေသတွေကို အဓိက ဝင်ရောက်မယ်လို့လည်း မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
.
တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသတွေမှာတော့ ဩဂုတ် ၁၂ ရက်အထိ မိုးသည်းထန်ခြင်းနဲ့ လေပြင်းတိုက်ခြင်းတွေ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားပြီး ဇီကျင်းပြည်နယ် အရှေ့ပိုင်းဒေသတွေမှာ မိုးရေချိန် ၆၀၀ မီလီမီတာကျော်အထိ ရွာသွန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

.
ဇီကျင်းပြည်နယ်က ကမ်းရိုးတန်းတိုင်ဖွန်းသတိပေးချက်အဆင့်ကို အမြင့်ဆုံးအထိ တိုးမြှင့်ခဲ့ပြီး ဆိပ်ကမ်းတွေကို ရပ်ဆိုင်းထားသလို ခရီးသည်တင် သင်္ဘောလမ်းကြောင်း ၁၆၂ ခုကိုလည်း ရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။
.
ဇီကျင်းပြည်နယ် အပြည်ပြည်ဆိုင်ရာလေဆိပ်က ဒီနေ့ညပိုင်းက စပြီး လေဆိပ်လုပ်ငန်းတွေကို ရပ်ဆိုင်းမယ့်အကြောင်း ကြေညာထားသလို တနင်္ဂနွေနေ့မှာလည်း လေကြောင်းခရီးစဉ် အားလုံးကို ရပ်ဆိုင်းမယ်လို့ ထုတ်ပြန်ထားပါတယ်။ ရထားပြေးဆွဲမှု တချို့ကိုလည်း တနင်္ဂနွေနေ့ကနေ စတင်ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့လည်း ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။
.
Source – Bangkok Post

No comments:

Post a Comment

Pages