ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ နိုင်ငံကျော် သရုပ်ဆောင်ဖြစ်သူ ဦးလွင်မိုး၏ လီလီပန်းခြံနှင့် သီးနှံစိုက်ပျိုးရေး လုပ်ငန်းများကို ရပ်နားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
.
“ ၈ နှစ်ကြာ စိုက်ပျိုး လုပ်ကိုင်ခဲ့တဲ့ ဟဲဟိုးမြို့က လီလီပန်းခြံ နဲ့ သီးနှံစိုက်ပျိုးရေးလုပ်ငန်း
တခန်း ရပ်လိုက်ပါပြီ။” ဟု ဦးလွင်မိုးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားခဲ့ခြင်း
ဖြစ်သည်။
.
ပြီးခဲ့သည့်
၂၀၂၀ ခုနှစ်၊ မတ်လမှ စတင်ခဲ့သည့် COVID-19 ကပ်ရောဂါ ကာလကြောင့် အထိနာခဲ့ရာမှ ယခုတိုင်
နလံ ပြန် မထူနိုင်တော့သည့်အတွက် ၎င်း၏ စိုက်ပျိုးရေးလုပ်ငန်းကို ရပ်နားရန် ဆုံးဖြတ်လိုက်ခြင်း
ဖြစ်ပြီး ကုန်ကြမ်း ဝယ်ယူမှု၊ စိုက်ပျိုးစားရိတ်၊
ဝန်ထမ်းစားရိတ် စသည်ဖြင့် ခက်ခဲမှုများ ဖြစ်ပေါ်ခဲ့သည်ဟုလည်း
ဦးလွင်မိုးက ဆိုသည်။
.
လီလီပန်းဥများသည်
အအေးခန်းအတွင်း အမြဲ ထားရပြီး လျှပ်စစ်မီး အခက်အခဲကြောင့် အဆင်မပြေ ဖြစ်ရသည့် အပြင်
နိုင်ငံခြားငွေ သုံးစွဲမှု ကဏ္ဍမှာလည်း မြင့်မားနေခြင်းကြောင့်
ဖြစ်သည်ဟုလည်း သိရသည်။
.
ရှမ်းပြည်နယ်
တောင်ပိုင်းရှိ စိုက်ပျိုးရေးလုပ်ငန်း အများစုမှာ စိုက်ပျိုးစရိတ်၊ အလုပ်သမားစရိတ်
ကြီးမြင့်မှုတို့ကြောင့် အရှုံးဖြင့် ရင်ဆိုင်နေကြရပြီး လုပ်ငန်းရပ်နားရသည်ထိ ဖြစ်ပေါ်နေကြရကြောင်း
သိရသည်။
.

No comments:
Post a Comment