တောင်ကြီးမြို့၊ ညိုမီးဆည်တွင် လူငယ်များ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှု မကြာခဏ ဖြစ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, September 4, 2026

တောင်ကြီးမြို့၊ ညိုမီးဆည်တွင် လူငယ်များ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှု မကြာခဏ ဖြစ်နေ

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်

.

တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ ညိုမီးဆည်တွင် လူငယ်များ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှုများ မကြာခဏဖြစ်ပွားနေပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထိန်းသိမ်းကြပ်မတ်ပေးရန် လိုအပ်နေသည်ဟု ဒေသခံများထံက သိရသည်။

.

.

“လူငယ်တွေ ရန်ဖြစ်တာ ခဏခဏ တွေ့ရတယ်။ တချို့လည်း ကျောင်းသားအရွယ် ကလေးငယ်တွေလည်း ပါတယ်။ ကလေးတွေ မဖြစ်သင့်တာ မဖြစ်ရအောင် မိဘ၊ ဆရာ၊ ဆရာမတွေ၊ တာဝန်ရှိသူတွေက ထိန်းသိမ်း ကြပ်မတ်ဖို့ လိုပါတယ်” ဟု ညိုမီးဆည် အနီး နေထိုင်သူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ညိုမီးဆည်သည် ‌တောင်ကြီး-ကျောက်တလုံးကြီးသွား ကားလမ်းမအနီးတွင် တည်ရှိပြီး တောင်ကြီး မြို့နှင့် အနီးဆုံး နေရာတွင် တည်ရှိကာ ကျောင်းသား/သူ လူငယ်များ အများဆုံး လာရောက်အနားယူ အပန်းဖြေ၊ အလှဓါတ်ပုံ ရိုက်ကူးလေ့ရှိသည့် လူစည်ကားသည့်နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ညိုမီးဆည် အပြင်‌ စာသင်ကျောင်းပရိဝုဏ်တွင်း အပါအဝင် နေရာမျိုးစုံတွင် ကလေးငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်မှုများ မကြာခဏ ဖြစ်ပွားလာနေသည့် အပြင် ဂိုဏ်းပုံစံဖြင့် အုပ်စုဖွဲ့ သွားလာမှုများ ရှိနေသည့်အတွက် ကလေးများ၏ ပညာရေးကို ထိခိုက်ပြီး အခြား မလိုလားအပ်သည့် ဖြစ်စဉ်များ ဖြစ်ပွား လာမည်ကို စိုးရိမ်နေရသည်ဟု သိရသည်။

.

“အခု ကလေးတွေက လူတိုင်း လက်ကိုင်ဖုန်း သုံးတယ်။ အတုမြင် အတတ်သင်ပေါ့။ မကောင်းတာတွေဆို ရင် အကုန် သင်ယူတတ်ကြတယ်။ ဂိုဏ်းစတားဆန်ဆန်တွေ ဖြစ်လာတာပေါ့။ အဓိက မိဘတွေအနေနဲ့ ကိုယ့်ကလေးကိုယ် အမြဲတမ်း စောင့်ကြည့်ပြီး ထိန်းသိမ်း ကြပ်မတ်သင့်တာပါ” ဟု ကျောင်းသားမိဘတစ်ဦး ကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့တွင်လည်း လူငယ်ဂိုဏ်းများ ပေါ်ထွက်လာနေပြီး ဂိုဏ်းအဖွဲ့ဝင် လူငယ် ၈ ဦးထက် မနည်းကို ရဲတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။၊

.

No comments:

Post a Comment

Pages