.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်
.
တရုတ် တိဘက်နဲ့ နီပေါနီစပ်မှာ ရုတ်တရက် ရေကြီးရေလျှံမှု
ဖြစ်ပွားခဲ့ပြီး ၁၀ ရက်အကြာမှာ တရုတ် နိုင်ငံသားတစ်ဦးကို နီပေါ မြေအောက်ဥမင်ထဲက အသက်ရှင်လျက်
ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
.
.
ဟိမဝန္တာဒေသက ရေခဲနံရံ၊ ကျောက်တုံးတွေနဲ့ ရွှံဗွက်တွေ
ပြိုဆင်းကျလာတာကြောင့် ဖြစ်ပွားခဲ့တဲ့ အဲဒီ ရေကြီးရေလျှံမှုမှာ အနည်းဆုံး လူ ၁၃၀၀ ကျော်
သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။
.
တရုတ်နိုင်ငံသား လူဟိုင်တောင်ကို ထရီရှူးလီ-၁ ရေအားလျှပ်စစ်စီမံကိန်းရဲ့
၂၂၅ မီတာ အရှည်ရှိတဲ့ ဥမင်လိုင်ခေါင်းတစ်ခုအတွင်းက ကယ်ဆယ်ခဲ့တာဖြစ်တယ်လို့ နီပေါစစ်တပ်က
ပြောပါတယ်။
.
အခု ကယ်ဆယ်နိုင်ခဲ့တဲ့ အမျိုးသားဟာ အဲဒီဥမင်လိုဏ်ခေါင်းထဲက
တတိယမြောက်အဖြစ် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့သူဖြစ်ပြီး ဩဂုတ်လ ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့
ရေခဲတောင်ပြိုကျမှုကြောင့် ဥမင်တွေထဲမှာ လူပေါင်း ၉၀၀ ကျော်လောက် ပိတ်မိနေနိုင်တယ်လို့
အာဏာပိုင်တွေက ယူဆထားတာပါ။
.
သောကြာနေ့တုန်းကလည်း အထက် ထရီရှူလီ ရေအားလျှပ်စစ်စီမံကိန်းရဲ့
ဥမင်လိုဏ်ခေါင်းထဲကနေ အမျိုးသား ၂ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါသေးတယ်။
.
အခု ကယ်ဆယ်နိုင်ခဲ့တဲ့ လူဟိုင်တောင်မှာ ပြင်ပ ဒဏ်ရာ
တစ်စုံတစ်ရာ မတွေ့ရသလို အသက်အန္တရာယ် မစိုးရိမ်ရပေမဲ့ ကိုယ်အပူချိန်တော့ အလွန်အမင်း
ကျဆင်းနေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
.
နီပေါစစ်တပ်က ထုတ်ပြန်ထားတဲ့ ဗီဒီယိုတစ်ခုမှာတော့
သူ့ကို ရဟန်ယာဉ်ပေါ်မှာ အရေးပေါ် ကုသမှုတွေ ပေးပြီး ရဟတ်ယာဉ်နဲ့ စစ်ဆေးရုံတစ်ခုကို
ခေါ်ဆောင်သွားတာ တွေ့ရပါတယ်။ အဲဒီ ဗီဒီယိုမှာ လူဟိုတောင် ကို မောပန်းနွမ်းနယ်ပြီး စိတ်ရှုပ်ထွေးနေတဲ့
ပုံစံနဲ့ တွေ့မြင်ရပြီးတော့ သူ့အရေပြားနဲ့ အဝတ်အစားတွေမှာ ရွှံ့ခြောက်တွေ၊ ဖုန်မှုန့်တွေ
ပေကျံနေတာ တွေ့ရသလို နားကြပ်တပ်ထားတဲ့ ဆေးဝန်ထမ်းတစ်ဦးက သူကို စစ်ဆေးမှုတွေ လုပ်ပေးနေတာ
တွေ့ရပါတယ်။
.
နီပေါနဲ့ တရုတ် တိဘက်နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ
ရေကြီးရေလျှံမှုအတွင်း အနည်းဆုံး လူပေါင်း ၁၃၄၄ ဦး သေဆုံးခဲ့ပြီး နိုင်ငံခြားသား
၅၈၃ ဦး အပါအဝင် စုစုပေါင်း ၄၈၈၇ ဦးက ပျောက်ဆုံးနေဆဲဖြစ်ကာ ပျောက်ဆုံး နေသူတွေထဲမှာ
တောင်တက်သမားတွေနဲ့ ဘုရားဖူးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
.
တရုတ်နိုင်ငံ၊ တိဘက်ဘက်မှာတော့ သောကြာနေ့အထိ ၃၁
ဦး သေဆုံးခဲ့ပြီး နိုင်ငံခြားသားတွေ အပါအဝင် ၅၃၁ ဦး ပျောက်ဆုံး နေတယ်လို့ တရုတ်သတင်းဌာန
ဆင်ဟွာမှာ ဖော်ပြထားပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment