ဟဲဟိုး အင်းခေါင်းဆည်တွင် အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Sunday, September 6, 2026

ဟဲဟိုး အင်းခေါင်းဆည်တွင် အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အင်းခေါင်းဆည်တွင် စက်တင်ဘာလ ၄ ရက်က အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.



.

ဟဲဟိုးမြို့၊ အမှတ် (၃) ရပ်ကွက်နေ အသက် ၇၀ အရွယ် အမျိုးသားသည် စက်တင်ဘာလ ၄ ရက်က အင်းခေါင်းဆည် ရေချောင်းအတွင်း ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား ဟဲဟိုး မြတ်မွန်စေတနာအသင်းမှ ဟဲဟိုးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

“၄ ရက်နေ့က အမျိုးသား ပြုတ်ကျသေဆုံးတာ ဟုတ်ပါတယ်။ သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်ထား ပါတယ်” ဟု ဟဲဟိုးနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

အဆိုပါ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် ဟဲဟိုး နယ်မြေရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး သေဆုံးသူ၏ ရုပ်အလောင်းအား ယမန်နေ့ စက်တင်ဘာလ ၅ ရက်က ဟဲဟိုးမြို့မသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages