.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ နမ့်စန်-မိုးနဲသွား
ကားလမ်းတွင် စက်တင်ဘာလ ၄ ရက်၊ နံနက်ပိုင်းက ထွေလာဂျီနှင့် Hilux Vigo ယာဉ် တိုက်မိပြီး အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
နမ့်စန်မြို့၊ အမှတ် (၅) ရပ်ကွက်၊ နမ့်စန်-မိုးနဲလမ်းတွင်
စက်တင်ဘာလ ၅ ရက်၊ နံနက်ပိုင်းက မိုးနဲမြို့ဘက်မှ နမ့်စန်မြို့ဘက်သို့ မောင်းနှင်လာသည့်
ထွေလာဂျီတစ်စီးအား နောက်မှ လားရာတူ မောင်းနှင်လာသည့် Hilux Vigo ယာဉ်က ကျော်တက်စဉ် ထွေလာဂျီယာဉ် ဘေးဘောင်နှင့် ချိတ်မိပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထွေလာဂျီ တိမ်းမှောက်မှုကြောင့် ယင်းထွေလာဂျီယာဉ်ပေါ်တွင်
လိုက်ပါလာသည့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးအနက် အသက် ၆၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး
သေဆုံးခဲ့ကြောင်း သိရသည်။
.
“၄ ရက်နေ့မနက်က ဖြစ်တာပါ။ ယာဉ်မောင်းကို အမှုဖွင့်အရေးယူ
ဆောင်ရွက်နေပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး
အခြားယာဉ်အား တိုက်မိကာ လူသေဆုံးစေသူ Hilux Vigo ယာဉ် မောင်းနှင်သူကို
နမ့်စန်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment