တောင်ကြီးတွင် ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် ဂျင်းဘောင်းဘီများ သယ်ဆောင်လာသူ ၃ ဦး အဖမ်းခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, October 17, 2026

တောင်ကြီးတွင် ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် ဂျင်းဘောင်းဘီများ သယ်ဆောင်လာသူ ၃ ဦး အဖမ်းခံရ

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖာမွန်ကျေးရွာအနီးတွင် အောက်တိုဘာလ ၁၅ ရက်၊ ညပိုင်းက ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် ဂျင်းဘောင်းဘီများ သယ်ဆောင်လာသူ အမျိုးသား ၃ ဦး ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။

.

.

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၅ ရက်၊ ညပိုင်းက တောင်ကြီး မြို့နယ်၊ ဖာမွန်းကျေးရွာ လမ်းခွဲအနီးတွင် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဆိုင်ခေါင်ဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသည့် JOYLONG Van အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ကြောင်း သိရသည်။

.

ထိုသို့ စစ်ဆေးရာတွင် ယာဉ်ပေါ်၌ တရားမဝင်သယ်ဆောင်လာသည့် ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ ဂျင်းဘောင်းဘီများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ပို့ကုန်/သွင်းကုန် ဥပဒေနဲ့ ဆောင်ရွက်နေတဲ့အခါကျတော့ အကောက်ခွန်ဌာနက ဖမ်းတာ မဟုတ်ဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ နယ်မြေက တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းတာဖြစ်ပါတယ်” ဟု အ‌ကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

အဆိုပါ တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်လာသူ အမျိုးသား ၃ ဦးကို တောင်ကြီးမြို့မရဲစခန်းတွင် ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈/၁၀ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages