အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် တန်ဖိုးရှိ ကွန်ပျူတာဆာဗာတွေကို တရုတ်နိုင်ငံသို့ မှောင်ခိုတ င်ပို့ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသား တစ်ဦးကို အမေရိကန်အာဏာပိုင်တွေ ဖမ်းဆီးလိုက်ကြောင်း အမေရိကန်တရားရေးဌာနက ထုတ်ပြန်ပါတယ်။
.
ကယ်လီဖိုးနီးယားပြည်နယ်နေ
အသက် ၃၈ နှစ်အရွယ် ဂရက်လူး (ခ) ယူကောင်လူးဟာ ပို့ကုန် ထိန်းချုပ်မှု အောက်မှာ ရှိတဲ့
ကွန်ပျူတာဆာဗာတွေကို တရုတ်နိုင်ငံသို့ မှောင်ခိုတင်ပို့ဖို့ စာရွက်စာတမ်း အတုတွေ
အသုံးပြုခဲ့သလို တတိယနိုင်ငံတွေကို ဖြတ်သန်း တင်ပို့ခဲ့တယ်လို့ အောက်တိုဘာ ၁
ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
.
အဲဒီဆာဗာတွေမှာ
ဉာဏ်ရည်တုနည်းပညာအတွက် အသုံးပြုလေ့ရှိတဲ့ အမေရိကန်ထုတ် ဂရပ်ဖစ် ပရိုဆက်ဆာ (GPU) တွေ ပါဝင်တယ်လို့
ဆိုပါတယ်။
.
ကယ်လီဖိုးနီးယားပြည်နယ်
အစိုးရရှေ့နေ ဘီလ် အက်ဆေးလီက အမေရိကန်ရဲ့ အဆင့်မြင့် နည်းပညာတွေကို
ပြိုင်ဘက်နိုင်ငံတွေရဲ့ စစ်ရေးစွမ်းရည် မြှင့်တင်ဖို့ အသုံးမပြုနိုင်အောင်
ကာကွယ်ဖို့ လိုအပ်ကြောင်းနဲ့ အမျိုးသားလုံခြုံရေးကို အမြတ်အစွန်းအတွက်
အန္တရာယ်ဖြစ်စေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ပြောပါတယ်။
.
လူးဟာ
၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း Earthmade
Computer အမည်ရှိ နည်းပညာကုမ္ပဏီကို အသုံးပြုပြီး
အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ လိုအပ်တဲ့ ပို့ကုန်လိုင်စင်မရှိဘဲ
တရုတ်နိုင်ငံသို့ ပစ္စည်းတွေ ဝယ်ယူတင်ပို့ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
.
အဲဒီပစ္စည်းတွေကို
မလေးရှားနဲ့ စင်ကာပူအပါအဝင် လိုင်စင်မလိုအပ်တဲ့ နိုင်ငံတွေကို အရင်ပို့ဆောင်ပြီး
နောက် တရုတ်နိုင်ငံသို့ တရားမဝင် ပြန်လည်တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
.
ပြစ်မှုထင်ရှားပါက
လူးဟာ အမြင့်ဆုံး ထောင်ဒဏ် ၅၀ နှစ်အထိ ကျခံရနိုင်ပါတယ်။ အဆင့်မြင့်
ဉာဏ်ရည်တုနည်းပညာမှာ အမေရိကန်နောက် လိုက်နေတယ်လို့ ကာလကြာရှည် သတ်မှတ်ခံ ထားရတဲ့
တရုတ်နိုင်ငံဟာ အခုအခါ အဲဒီကွာဟချက်ကို အရှိန်အဟုန်နဲ့ လျှော့ချလာ နေပါတယ်။
.
အမေရိကန်ဟာ
အဆင့်မြင့် ဉာဏ်ရည်တုနည်းပညာအတွက် လိုအပ်တဲ့ ချစ်ပ်တွေ တရုတ်နိုင်ငံ ရရှိမှုကို
ကန့်သတ်ဖို့ ပို့ကုန်ထိန်းချုပ်မှုတွေကို ကာလကြာရှည် လုပ်ဆောင်နေပြီး အထူးသဖြင့်
အန်ဗီဒီယာ (Nvidia) ထုတ် အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေ ရရှိမှုကို ပိတ်ပင်ထားပါတယ်။
.
Ref – CNA

No comments:
Post a Comment