.
.❏ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း ဘားဆိုင်များ ပြည့်နေသည့်အပေါ် ဒေသခံများ ဝေဖန်
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွင်း
ဘားဆိုင်များဖြင့် ပြည့်နှက်နေပြီး ဝင်လမ်းထွက်လမ်း ပိတ်သည်အထိ ဆောက်လုပ်ထားသည့်
ဘားဆိုင်များကြောင့် သွားလာရေး အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ဒေသခံများအကြား
ဝေဖန်မှုများ ရှိနေသည်ဟု သိရသည်။
.
❏ တောင်ကြီး ကံသာရပ်ကွက်တွင်
လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားစွာဖြစ်ပေါ်နေ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊
ကံသာရပ်ကွက်တွင် လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားစွာဖြစ်ပေါ်နေပြီး ဒေသခံများ
အခက်အခဲဖြစ်ပေါ်နေရသည်ဟု သိရသည်။
.
❏ တန်ဆောင်တိုင်ပွဲတော်
ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားမှုများကို ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်
စိုင်းထိန်စိုးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ သည် ယနေ့
နိုဝင်ဘာလ ၁၅ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း
တန်ဆောင်တိုင် ပွဲတော် ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု
အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment